Pages

Wednesday, May 24, 2017

အက်ဖ်-၇ ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် ဝေဟင်-မြေပြင်လေ့ကျင့်ပစ်ခတ်ခြင်း ဆောင်ရွက်စဉ် လေ့ကျင့်ရေးဗုံးနှစ်လုံး မတော်တဆပြုတ်ကျ


                      လေ့ကျင့်ရေးဗုံးနှစ်လုံး မတော်တဆ ပြုတ်ကျခဲ့သည့်နေရာကို တွေ့ရစဉ်။

နေပြည်တော် ၂၄-၅-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း မိုင်တိုင်အမှတ် ၂၂/၄ နေရာအနီး ဇရပ်ကုန်း စက်ပစ်ကွင်း၌ တပ်မတော် (လေ)မှ အက်ဖ်-၇ ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ်သည်ဝေဟင်-မြေပြင်လေ့ကျင့် ပစ်ခတ်ခြင်း ဆောင်ရွက်စဉ် မေ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် လေယာဉ်၏ လက်နက်ပိုင်းဆိုင်ရာ လျှပ်စီးပတ်လမ်း ချွတ်ယွင်းမှုကြောင့် လေ့ကျင့်ရေးဗုံးနှစ်လုံး ပစ်မှတ်နေရာတစ်ဝိုက် အချိန်မတိုင်မီ မတော်တဆ ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါမတော်တဆ ပြုတ်ကျခဲ့သည့် လေ့ကျင့်ရေးဗုံးများသည် ဇရပ်ကုန်း စက်ပစ်ကွင်းအနီးရှိ နှမ်းခင်းအတွင်းသို့ ကျရောက်ခဲ့ပြီး ဖြစ်စဉ်တွင် လူနှင့်တိရစ္ဆာ န်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် ၎င်းနေရာတစ်ဝိုက်ကို
တပ်မတော် (လေ) မှ ကျွမ်းကျင်ပညာရှင်များဖြင့် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ဘေးကင်းလုံခြုံ မှုရှိအောင် စနစ်တကျ ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေး မှုများပြုလုပ် လျက်ရှိကြောင်း 
သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment