Pages

Tuesday, May 16, 2017

ဘူးသီးတောင်မြို့နယ် ပေါက်ကွဲမှု ဖြစ်ပွားသောနေရာ၌ အလောင်းငါးလောင်း တူးဖော်တွေ့ရှိ


ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ အနီးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာနှင့် အလောင်းတွေ့ရှိ သည့်နေရာပြမြေပုံ။

နေပြည်တော် ၁၆-၅-၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် မေ ၁၃ ရက်က သဲနီကျေးရွာ၏ အနောက်မြောက်ဘက် တောင်ခြေရင်း၌ တူးဖော်စစ်ဆေးခဲ့ရာ အလောင်းများ တူးဖော်တွေ့ရှိ ရကြောင်း သိရသည်။

မေ ၄ ရက် ညနေ ၅ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ ၏အနောက်ဘက် တောစပ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင် သောပူးပေါင်း အဖွဲ့သည် နယ်မြေလုံခြုံရေးအတွက် ကင်းလှည့် ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာအား မေ ၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ရှိခဲ့ပြီး တောစပ် ပတ်ဝန်းကျင်ရှိ ယာယီတဲ ဆောက်လုပ် နေထိုင်ခဲ့သည့် နေရာနှစ်နေရာ၌ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ယမ်းနံ့များ ရရှိသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာ မှန်ကန်ကြောင်း စစ်ဆေးသိရှိရ၍ သေဆုံးသူ၊ ဒဏ်ရာရရှိသူများနှင့် ပါဝင်ပတ်သက်သူ များအား ဆက်လက်စုံစမ်း ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မေ ၁၃ ရက် ညနေပိုင်းတွင် သဲနီကျေးရွာ၏ အနောက်မြောက်ဘက် တောင်ခြေရင်း၌ တူးဖော်စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား အလောင်းနှစ်လောင်းနှင့် တင်းမေ ၃ ရပ်ကွက်နေ မော်လဝီ အဒူကော်ရိန်၊ ကျောင်းတောင် အလယ်ရွာနေ မော်လဝီယာဆိမ့်နှင့် စာကိုင်းကျေးရွာနေ ဇူပိုင်တို့သုံးဦးအား တူးဖော်တွေ့ရှိ ခဲ့သဖြင့် ဘူးသီးတောင် ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများ နှင့်အညီ အမှုဖွင့်အရေးယူ နိုင်ရေး စီစဉ်လျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

#Themyawadydaily

No comments:

Post a Comment