Pages

Thursday, April 6, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ငပုတောမြို့နယ်အတွင်းရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်


တပ်မတော်ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့က မျက်စိလူနာတစ်ဦးအားကုသပေးစဉ်။

တပ်မတော်ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၆-၄-၂၀၁၇

ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည် သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် ဧပြီ ၄ ရက်နှင့် ယနေ့တို့တွင် ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာနှင့် ချောင်းဝကျေးရွာတို့ရှိ ဒေသခံပြည်သူ ၁၈၄၁ ဦးအားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၆၃၂ ဦး၊ ခွဲစိတ်ရောဂါ ၁၁၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၆ ဦး၊ ကလေး ရောဂါ ၈၇ ဦး၊ အရိုးရောဂါ ၄၁၃ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၁၆ ဦး၊ မျက်စိရောဂါ ၃၁၂ ဦးနှင့် သွားရောဂါ ၁ဝ၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၃ဦး၊ သွားခွဲစိတ်လူနာ ၇၂ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၈ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၉၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၉ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသ ရန်လိုအပ်သည့် ဒေသခံပြည်သူ ၅၅ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသ ပေးကာ ဆေးရုံတက်ရောက်ကုသ ရန်လိုအပ်သော လူနာနှစ်ဦးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment