Pages

Tuesday, April 4, 2017

တပ်မတော်ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်) ကိုကိုးကျွန်းမြို့ နှင့် ငပုတောမြို့ နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ နယ်လှည့် အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ နယ်လှည့် အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် (၄-၄-၂၀၁၇)

ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များပါဝင်သည့်တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် မတ် ၃၁ ရက်၊ ဧပြီ ၂ ရက်နှင့် ယနေ့တို့တွင် ကိုကိုးကျွန်းမြို့နှင့် ငပုတော မြို့နယ်၊ ကျုံကူးကျေးရွာတို့ရှိ ဒေသခံပြည်သူ ၁၅ဝ၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၅၅၅ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၇ ဦး၊ ကလေး ရောဂါ ၇၇ ဦး၊ အရိုးရောဂါ ၃၁၅ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၇၄ ဦး၊ မျက်စိရောဂါ ၁၉၉ ဦးနှင့် သွားရောဂါ ၁ဝ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ် လူနာခြောက်ဦး ၊ သွားရောဂါ လူနာ ၇ဝ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၁၅ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင်ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၁၃၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၉၂ ဦးတို့ကို ရောဂါရှာဖွေ ခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၅၃ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment