Pages

Sunday, April 23, 2017

စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆေးရုံများ၌ စုပေါင်းလုပ်အား ပေးဆောင်ရွက်


တပ်မတော်သားများက စေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်စဉ်။

နေပြည်တော် ၂၃-၄-၂၀၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရွှေဆံတော် စေတီတော်မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး အတွက် ယနေ့နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ငူ တပ်နယ်မှ တပ်မတော်သား များက စေတီတော် မြတ်ကြီး ရင်ပြင်တော်နှင့် ပလ္လင်တော် တို့ကို သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရင်ပြင်တော်ပေါ်ရှိ ကြွေပြားများအား တိုက်ချွတ် ဆေးကြောခြင်းနှင့် အမှိုက်များအား ရှင်းလင်း ဖယ်ရှားခြင်း တို့ကို စုပေါင်း ဆောင်ရွက် ပေးသည်။

အလားတူ ရေတာရှည်တပ်နယ်၊ ပန်းတောင်းတပ်နယ်နှင့် ပြည်တပ်နယ်တို့မှ တပ်မတော်သား များက ဆွာမြို့၊ ငါးကြီးကွေ့ဘုန်းတော်ကြီး ကျောင်း၌ တည်ထား ကိုးကွယ်လျက် ရှိသည့် မဟာပဋ္ဌာန်း ဗုဒ္ဓစေတီ တော်ကြီး၌ လုပ်အား ဒါနပြုလုပ်ခြင်း၊ ပန်းတောင်းမြို့ရှိ ထုံးဘိုတိုက်နယ် ဆေးရုံနှင့် ပြည်မြို့၊ မှန်ပြတောင်တောရ ဘုန်းတော်ကြီး ကျောင်းတို့ရှိ ချုံနွယ်များ ခုတ်ထွင်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဆယ်ယူ တူးဖော် ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment