Pages

Sunday, April 23, 2017

ဂန့်ဂေါမြို့တွင် ဟင်းချက်ဒယ်နီအိုးမှ အပူရှိန်လွန်ကဲမှုဖြစ်ကာ အောက်တွင်ခင်းထားသည့် ပလတ်စတစ်ကို မီးကူးစက်လောင်ကျွမ်းရာမှ လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား



ဂန့်ဂေါ ၂၃-၄-၂၀၁၇

ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဦးမောင်ဦး၏ နေအိမ်တွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်က ဟင်းချက် ဒယ်နီအိုးမှ အပူရှိန် လွန်ကဲမှုဖြစ်ကာ အောက်တွင် ခင်းထားသည့် ပလတ်စတစ်ကို မီးကူးစက် လောင်ကျွမ်းရာမှ ဦးမောင်ဦး၏ နေအိမ်နှင့် ဦးတင်မောင်ထွန်း၏ နေအိမ်တို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှူး နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးဘေးတားဆီး ကြီးကြပ်မှု ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများ ရောက်ရှိကာ သဲထုပ်၊ရေထုပ်များဖြင့် လည်းကောင်း၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့တို့မှ မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီးတို့ ဖြင့်လည်းကောင်း မီးငြှိမ်းသတ် ခဲ့ကြရာ နံနက် ၈ နာရီတွင် မီးငြိမ်းသွားသည်။

ထိုသို့ မီးလောင်သဖြင့် ဦးမောင်ဦး၏ အိမ်တွင် ငွေကျပ်၂၅ သိန်းကျော်၊ ဦးတင်မောင်ထွန်း၏ အိမ်တွင် ငွေကျပ် ၁၄ သိန်းကျော် တန်ဖိုး ဆုံးရှုံးသွားကြောင်းနှင့် မီးဘေးသင့်သည့် ဦးမောင်ဦး၏ မိသားစုဝင် ရှစ်ဦးကို ညီမဖြစ်သူ၏နေအိမ်တွင် လည်းကောင်း၊ ဦးတင်မောင်ထွန်း၏ မိသားစုဝင် ခြောက်ဦးကို စည်ပင်သာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လည်းကောင်းနေရာချ ထားပေးကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ မောင်ဦး (ခ) ထွန်းထွန်းဦးကို ဂန့်ဂေါမြို့မ ရဲစခန်းက (ပ) ၂၇၂/ ၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment