Pages

Thursday, April 6, 2017

စက်ပိုင်းဆိုင်ရာစစ်ဆေးနေခြင်းကြောင့် ယာယီရပ်နားထားသည့် မန္တလေးကရဝိက် ရေပေါ်ရွေ့လျားဟိုတယ် မေလဆန်းပိုင်းမှစတင်၍ မန္တလေး-မင်းကွန်းခရီးစဉ်ကို စတင်ပြေးဆွဲပေးသွားမည်



မန္တလေး ၆-၄-၂၀၁၇

စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေ ခြင်းကြောင့် ယာယီရပ်နား ထားသည့် မန္တလေးကရဝိက် ရေပေါ်ရွေ့လျားခဟိုတယ်ကို မေလဆန်းပိုင်းမှ စတင်ကာ မန္တလေး-မင်းကွန်း ခရီးစဉ်ကို ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း မန္တလေးကရဝိက် ရေပေါ်ရွေ့လျား ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရသိရသည်။

လက်ရှိ အချိန်တွင် မန္တလေး ကရဝိက် ရေပေါ်ရွေ့လျား ဟိုတယ်ကို စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုများနှင့် လိုင်စင်သက်တမ်း တိုးခြင်းလုပ်ငန်း များပြုလုပ် နေခြင်းကြောင့် အပတ်စဉ် တနင်္ဂနွေနေ့ ပြေးဆွဲမှုကို ယာယီရပ်နား ထားကြောင်း အဆိုပါ စစ်ဆေးမှုများနှင့် ပြင်ဆင်မှုများ ပြီးပါက မန္တလေး-မင်းကွန်းဒေသသို့ ပုံမှန်ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ရေပေါ်ရွေ့လျား ဟိုတယ် ပြေးဆွဲမှုကို ဖေဖော်ဝါရီ လပိုင်းက ရပ်နားခဲ့ ကြောင်း၊ ကြံ့ခိုင်မှုများနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ မီးဘေးအန္တရာယ်နှင့် အင်ဂျင်ပိုင်းများကို ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနက စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

''ခရီးသွားဧည့်သည် ဝင်ရောက်မှုတွေ နည်းလာတဲ့ အတွက် အခုလို အပတ်စဉ်ပြေး ဆွဲမှုကို ရပ်နားထား တာပါ။ ဒီရာသီက ခရီးသွား ရာသီလဲ မဟုတ်တဲ့ အတွက် ခရီးသွားဧည့်သည် တွေဝင်ရောက်မှု နည်းလာ တာဖြစ်ပါတယ်။ ရေပေါ်ရွေ့လျား ဟိုတယ်ကို စီးလုံးအပြတ် ငှားပြီး ပြေးဆွဲခိုင်း ရင်တော့ ပြေးဆွဲပေး သွားမှာပါ''ဟု ၎င်းကပြော ပြသည်။

အဆိုပါ ကရဝိတ် ရေပေါ်ရွေလျား ဟိုတယ်သည် မန္တလေးမြို့တွင် အပန်းဖြေ အနားယူ နိုင်သည့် အထင်ကရ နေရာတစ်ခု ဖြစ်ပြီး မန္တလေးမှ မင်းကွန်းဒေသသို့ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် ညနေခင်း Sunset ဆည်းဆာ အလှကြိုကည့်ရှု ခံစားနိုင်ကြောင်း၊ ၎င်းဟိုတယ်တွင် လက်မှု အတတ်ပညာ များဖြင့် ထုဆစ်ထားသည့် ပန်းပုလက်ရာများ ကိုလည်းတွေ့မြင် ခံစားနိုင်ကြောင်း သိရသည်။

မန္တလေး ကရဝိက် ရေပေါ်ရွေ့လျား ဟိုတယ်ကို အထပ်သုံး ထပ်ဖြင့် တည်ဆောက် ထားပြီး တတိယထပ်တွင် အစားအစာများ မှာယူစားသောက် နိုင်ရန် စီစဉ်ဆောင်ရွက် ထားကြောင်း၊ အခန်းပေါင်း ၃၉ ခန်းဖြင့် ဖွဲ့စည်း တည်ဆောက် ထားကြောင်း၊ ၎င်းရေပေါ် ရွေ့လျား ဟိုတယ်တွင် ဝန်ထမ်း ဦးရေ ၈ဝ ကျော်ရှိပြီး လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင် ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment