Pages

Thursday, April 6, 2017

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗထူးတပ်နယ်အတွင်း ကြည့်ရှုစစ်ဆေး၊ အင်းခေါင်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မျှူးကြီးစိုးဝင်း နှင့်အဖွဲ့ဝင်များ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)ရှိကျောင်းသမိုင်း ပြခန်း အားလှည့်လည်ကြည့်ရှု စစ်ဆေးစဉ်။

အင်းခေါင်းကျောင်းတိုက်ပဓာနနာယက သက်တော် ၁ဝ၂ နှစ်ရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တနန္ဒိယအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က မီးလောင်ပျက်စီးခဲ့သည့် ကျောင်းတော်ကြီးအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် အလှူငွေများအား ပေးအပ်လှူဒါန်းစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များ အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသင်တန်းသားစားရိပ်သာ၌ သင်တန်းသားများနှင့် နေ့လယ်စာအတူတကွသုံးဆောင်စဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သင်တန်းကျောင်း၌ စိုက်ပျိုးမွေးမြူရေးဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၆-၄-၂၀၁၇

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) နှင့် အရာခံနှင့် အကြပ်ကြီး သင်ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ရှင်းလင်းဆောင်၌ ကျောင်းအုပ်ကြီးက တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ်ဆိုင်ရာ ကိစ္စရပ်များနှင့် လေ့ကျင့်သင်ကြားရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သင်တန်းသားများကို လေ့ကျင့်သင်ကြား ပို့ချရာတွင် သင်ခန်းစာများအား စစ်မြေပြင်၌ Second Nature ဖြစ်စေရေးနှင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေး လေ့ကျင့်သင်ကြား ပေးရန်လိုကြောင်း၊ နည်းပြများ အနေဖြင့်လည်း သင်တန်းသားများက လေးစားအားကျ အတုယူဖွယ်ရာ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်ရှိရ မည့်အပြင် မိမိသင်ကြား ပို့ချမည့် ဘာသာရပ်များ ကိုလည်းကျွမ်းကျင် ပိုင်နိုင်နေရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သင်တန်းသားများ အပါအဝင် သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ဈေးနှုန်းသက်သာပြီး သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး စီမံဆောင်ရွက် ရန်နှင့် ပိုလျှံပါက ဒေသခံပြည်သူ လူထုကိုပါ ကုန်ဈေးနှုန်း ကြီးမြင့်မှု လျော့ကျစေရေး၊ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရေး ရောင်းချပေးနိုင်ရန် လိုကြောင်းတို့အား လမ်းညွှန် မှာကြားသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် အရာရှိသင်တန်းသား သုံးထပ်စာသင်ဆောင်၌ သင်တန်းသား အရာရှိများအား သင်ခန်းစာ ပို့ချနေမှုများ၊မိုင်းပညာပေးပြခန်း၊ ကျောင်းသမိုင်း ပြခန်းနှင့် e-Library ခန်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

နေ့လယ်ပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် အရာခံနှင့် အကြပ်ကြီးသင်ကျောင်း၊ သင်တန်းသား စားရိပ်သာ၌ နေ့လယ်စာကို သင်တန်းသားများနှင့်အတူတကွ သုံးဆောင်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်း၌ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များအား အရာခံနှင့် အကြပ်ကြီး သင်ကျောင်း၊ မြဝတီကွန်ပျူတာ စာသင်ဆောင်၊ ရှင်းလင်းဆောင်၌ တာဝန်ရှိသူ တစ်ဦးကတပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ်နှင့် လေ့ကျင့်သင်ကြားရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို အသေးစိတ် လမ်းညွှန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ရပ်စောက်မြို့၊ လွယ်ကိုးကျေးရွာရှိ အင်းခေါင်းကျောင်းတိုက် ပဓာနနာယက သက်တော် ၁ဝ၂ နှစ်ရှိ သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တနန္ဒိယအား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် အဖွဲ့ဝင်များ နှင့်အတူ သွားရောက်ဖူးမြော် ကြည်ညိုပြီး မတ်လ ၂၇ ရက်က မီးလောင်ပျက် စီးခဲ့သည့် ကျောင်းတော်ကြီးအား သစ်ပြန်လည်တည်ဆောက်နိုင်ရေး အတွက် တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် အလှူငွေများအား ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment