Pages

Tuesday, April 4, 2017

သာစဉ်မြို့၌ မော်တော်ဆိုင်ကပ်နှင့် သုံးဘီးဆိုင်ကပ်များ ၀င်ရောက်လာမှုကြောင့် အနှေးယာဉ်မြင်းလှည်းများ ပျောက်ကွယ်မည့်အခြေနေသို့ ရောက်ရှိ



သာစည် ၄-၄-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်၌ နှစ်ပေါင်း များစွာကပင် ဒေသထွက် သီးနှံများ သယ်ဆောင် ရာတွင်လည်းကောင်း၊ ကျေးလက်နှင့် မြို့ပြခရီးသည်များ သွားလာရာတွင် လည်းကောင်း အားထား အသုံးပြု ခဲ့ရသည့် အနှေးယာဉ် မြင်းလှည်းများမှာ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များ ဝင်ရောက်မှုကြောင့် ပျောက်ကွယ် လုနီးပါး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 

''ကျွန်တော်တို့ အနှေးယာဉ် မြင်းလှည်းတွေက လေး၊ငါးနှစ် အတွင်းမှာ လုံးဝပျောက်ကွယ် တော့မှာပါ။ ခရီးသည်တွေက မြန်ဆန်တဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ် တွေကိုသာ အသုံးပြုနေ ကြတယ်။ ကျွန်တော်တို့ အနှေးယာဉ် မြင်းလှည်းတွေကို အသုံးပြုတာ နည်းလာပြီ''ဟု အနှေးယာဉ် မောင်းသူ ဦးအေးက ပြောသည်။

အနှေးယာဉ် မြင်းလှည်းများသည် မြို့နယ်အတွင်း တရားဝင်မောင်းနှင် ပြေးဆွဲနိုင်ရေး အတွက်မြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ သွားရောက်၍ ယာဉ်ပိုင်ဆိုင်မှု လိုင်စင်နှင့် ယာဉ်မောင်း လိုင်စင်တို့ကို ငွေကျပ်၄၇ဝဝ ပေးဆောင် ပြုလုပ်ထား ရကြောင်း သိရသည်။ အနှေးယာဉ် မြင်းလှည်း တစ်စီး၏ တန်ဖိုးမှာ လှည်းအိမ်နှင့် မြင်းအပါအဝင် ငွေကျပ် ၁၅ သိန်းခန့် ရှိကြောင်း သိရသည်။ 

''ကျွန်တော်တို့ အနှေးယာဉ် မြင်းလှည်းတွေက မြို့ထဲကိုပြေးဆွဲရာမှာ ခရီးသည် တစ်ဦးကို ငွေကျပ် ၂ဝဝ ယူပါတယ်။ ကုန်ပစ္စည်း အနည်းအများ ပေါ်မူတည်ပြီး ငွေကျပ် ၅ဝဝ ကနေ ၇ဝဝ အထိ ယူပါတယ်။ မြို့ပြင် ရွာတွေအထိ ခရီးသည် ပို့ဆောင်ပေးရရင် မိုင်အကွာအဝေး ပေါ်မူတည်ပြီး ငွေကျပ် ၂ဝဝဝ ကနေ ၃၅ဝဝ အထိ တောင်းပါတယ်။ ကျွန်တော်တို့ရဲ့ တစ်နေ့တာ မောင်းနှင်လို့ ရတဲ့ပုံမှန် ဝင်ငွေက ငွေကျပ် ၅ဝဝဝ အထိရှိ ပါတယ်။ ဒါပေမဲ့ မြင်းစာဖိုး ငွေကျပ် ၂၅ဝဝ နုတ်လိုက်ရင် တစ်နေ့တာ မိသားစုအတွက် ငွေကျပ် ၂၅ဝဝ ပဲကျန်ပါတယ်'' ဟု အနှေးယာဉ် မောင်းသူ ဦးမောင်မြင့် ကပြောသည်။

သာစည် မြို့နယ်ရှိ ရွာမွန်သာ၊ ဇီးပင်ပေါက်၊ ညောင်တို၊ ကွမ်းခြံရိုးနှင့် ဆည်ကြီး ကျေးရွာတို့၌ အနှေးယာဉ် မြင်းလှည်းအများ ဆုံးရှိပြီး အဆိုပါရွာတို့မှ ဈေးဝယ် မည့်သူများ၊ ဈေးရောင်းချမည့် ဈေးသည်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ပို့ဆောင် ပေးရာတွင် ယနေ့အထိ ဝန်ဆောင်မှု ပေးနေ ဆဲဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment