Pages

Tuesday, April 4, 2017

လားရှိုးမြို့မြို့ရှောင်လမ်းတွင် ယာဉ်မောင်းများ စည်းကမ်းမဲ့ မောင်းနှင်ခြင်းကြောင့် ယာဉ်ကြောများ ပြန်ပိတ်



လားရှိုး ၄-၄-၂၀၁၇

လားရှိုးမြို့ မြို့ရှောင်လမ်းပြန် လည်ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်မောင်းများ စည်းကမ်းမဲ့ မောင်းနှင် ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ ခဲ့သဖြင့် ယနေ့နံနက် ပိုင်းတွင် သွားလာခွင့်ကို ခေတ္တပြန်လည် ရပ်နားထား ရကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ မန္တလေး-မူဆယ် လမ်းမကြီး ရှုခင်းသာ အနီး ယာဉ်ကြောပိတ်ဆို့ နေခြင်းကြောင့် ကုန်တင်ယာဉ် ကြီးများကို လားရှိုးမြို့ရှောင်လမ်း၌ ခေတ္တရပ်နားခိုင်း ထားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ထံမှ သိရသည်။

ကွတ်ခိုင် ရှုခင်းသာကွေ့၌ မန္တလေးမှ လာသော ကုန်တင်ကား ကြီးများသည် လားရှိုးမြို့ရှောင်လမ်း တွင် မတ် ၃၁ ရက်မှ စတင်ရပ်နား ထားခဲ့ရာ ဧပြီ ၂ ရက် ညနေပိုင်း တွင်လမ်းပြန်ပွင့်ကာ ပုံမှန်သွားလာ နေခဲ့သည်။

''ကွတ်ခိုင် နမ့်ဖတ်ကာကြားက ရှုခင်းသာမှာ လမ်းတွေချော်ပြီး ကားတွေလဲပြီး လမ်းပိတ်သွားလို့ လားရှိုးကနေ ခေတ္တပိတ်ထား တာကို ဧပြီ ၂ ရက် ညခင်းပိုင်းက လွှတ်ပေး လိုက်ပါတယ်။ ဒီနေ့မှာလမ်းပြန် ပိတ်နေလို့ ပြန်ပြီး ခေတ္တပိတ်ထား ပါတယ်''ဟု အမှတ် (၂ဝ) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲရုံး (လားရှိုး) မှ ဒုတိယရဲမှူး မျိုးဆွေက ပြောပြသည်။ 

ယခင်ရက်များက လမ်းပိတ် ခြင်းမှာ တွဲကားများ တိမ်းမှောက်ခြင်း၊ လမ်းချော်ခြင်း၊ ဆီဘောက် ဆာယာဉ် တိမ်းမှောက်ခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ခဲ့သော်လည်း လက်ရှိယာဉ် မောင်းများက စည်းကမ်းမဲ့ကျော်တက်ခြင်းများကြောင့် ယာဉ်ကြော ပိတ်ဆို့ နေရခြင်း ဖြစ်သည်။ 

ယာဉ်ကြော ပိတ်ဆို့မှုကို သက်ဆိုင်ရာ ဌာနများက ရှင်းလင်း ပေးနေပြီး အဆင်းကားများကို ဦးစားလွှတ် ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment