Pages

Friday, April 7, 2017

ဟိုချီမင်းမြို့တော် ကုန်သွယ်မှု ၊ ၀န်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၇ ကျင်းပ


စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများမှ ထုတ်လုပ်သည့် 
ပစ္စည်းများကို လှည့်လည်ကြည့်ရှုစဉ်

နေပြည်တော် ၊ ၇-၄-၂၀၁၇

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံရုံး စီးပွားရေးဌာနနှင့် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်း မြို့တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဌာန (JTPC) တို့ပူးပေါင်း ကျင်းပသည့် ဟိုချီမင်းမြို့တော် ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ကုန်စည်ပြပွဲ အား ယမန်နေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါပြပွဲသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong ၊ စစ်သံမှူး Col. Nguyen Due Giang နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး တို့က ပြပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးဇော်အေးမောင် နှင့် တာဝန်ရှိသူ များက ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းပြပွဲသို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး သွားရောက်၍ တက်ရောက် လာကြသူများ နှင့်အတူ ခင်းကျင်းပြသ ထားသည့် ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများမှ ထုတ်လုပ်သည့် လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆေးဝါးများနှင့် ဗီယက်နမ်ရိုးရာ တူရိယာ Ban bau တီးခတ်မှုအား လှည့်လည်ကြည့်ရှု ကြသည်။ အဆိုပါပြပွဲအား ဧပြီ ၉ ရက်အထိ ခင်းကျင်းပြသ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment