Pages

Tuesday, April 25, 2017

၂၀၁၇ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် လေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းဖွင့်လှစ်


ရေကြောင်းလူငယ်သင်တန်းသားများအား သင်ကြားပေးစဉ်။

ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) နှင့် ရေကြောင်းလူငယ်တန်း မြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) မှ သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်။

လေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) သင်တန်းဖွင့်ပွဲကျင်းပစဉ်။

နေပြည်တော်၊ ၂၅-၄-၂၀၁၇

ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများ တိုးပွားလာစေ ရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် လေကြောင်း လူငယ်အခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၁၇) နှင့် လေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သင်ခန်းစာများ လေ့ကျင့်သင်ကြား ရာတွင် အသုံးပြုမည့် လေယာဉ်ပုံစံငယ် များအား လိုက်လံကြည့်ရှုသည်။

အဆိုပါသင်တန်းအား ၂၀၁၄ ခုနှစ်မှ စတင်၍ဖွင့်လှစ်ခဲ့ရာ ယခုနှစ်ဖွင့်လှစ်သော သင်တန်းများ၌ အခြေခံ လေကြောင်းလူငယ် သင်တန်းတွင် အလယ်တန်း အဆင့်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး၊ တန်းမြင့် လေကြောင်းလူငယ် သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၄၁ ဦး၊ စုစုပေါင်း ၈၁ ဦးအား သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment