Pages

Thursday, April 27, 2017

ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအားတွေ့ဆုံ


အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က ဒေသခံပြည်သူများအား 
                            ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။


နေပြည်တော် ၂၇-၄-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ လုံယန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေး ရွာများမှ ဒေသခံပြည်သူများနှင့် နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်
ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က လုံယန်းကျေးရွာ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းနှင့် ဝမ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်း တို့၌ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင် ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုး ရောဂါ၊ အာရုံကြော အားနည်းရောဂါ၊ နှလုံးရောဂါ၊ အရိုး၊ အကြောရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၂၇၅ ဦးကို လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေ စမ်းသပ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် တာဝန်ရှိသူ များက သွားရောက် ကြည့်ရှုအား ပေးသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဝမ်ဆင်း၊ နမ့်မောင်းနှင့် လုံယန်း ပြည်သူ့စစ်
(ဌာနေ) အဖွဲ့ဝင်များအား လုံယန်းကျေးရွာ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း၌ တွေ့ဆုံအမှာ စကားပြောကြားပြီး ပြည်သူ့စစ် အဖွဲ့ဝင် များ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက် ပေးကာ အလှူငွေများနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment