Pages

Friday, April 7, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က
 ဒေသခံပြည်သူတစ်ဦးအား ခွဲစိတ်ကုသပေးစဉ်

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က
 ဒေသခံပြည်သူတစ်ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၇-၄-၂၀၁၇

ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယမန်နေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၅၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၁၆ ဦး၊ ခွဲစိတ်ရောဂါ ၁၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၉၇ ဦး၊ ကလေးရောဂါ ၁၅၄ ဦး၊ အရိုးရောဂါ ၃၂၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ ၈၈ ဦး၊ မျက်စိရောဂါ ၃၂၈ ဦးနှင့် သွားရောဂါ ၁၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ် လူနာ ၂၇ ဦး၊ သွား ခွဲစိတ်လူနာ ၆ဝ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၈ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၇၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၇ ဦးတို့ကို ရောဂါရှာဖွေခြင်း များဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၂ဝ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ ၃၁ ဦးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ များသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment