Pages

Wednesday, April 5, 2017

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဝါးခယ်မမြို့ နယ်ရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်


တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်) မှတပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့က ဒေသခြံပည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးစဉ်။

တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်) မှတပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ဆေးက ဆေးရုံရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား အောင်မြင်စွာမီးဖွားပေးစဉ်။

နေပြည်တော် ၅-၄-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့်မြစ်ရေယာဉ် (စကု) တို့သည် ဧပြီ ၃ ရက်နှင့် ယနေ့တို့တွင် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ ဒေသခံပြည်သူ ၂ဝ၄၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၈၂ဝ ဦး၊ ခွဲစိတ်ရောဂါ ၁၂၇ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၅၅ ဦး၊ ကလေးရောဂါ ၁၅၄ ဦး၊ အရိုးရောဂါ ၂၇၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၁၇ ဦး၊မျက်စိရောဂါ ၂၃ဝ ဦးနှင့် သွားရောဂါ ၁၆၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၉ ဦး၊သွားရောဂါခွဲစိတ်လူနာ ၁၂၇ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၂ဝ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှု များဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂ဝဝ ဦးနှင့်ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁၈ ဦး တို့ကို ရောဂါရှာဖွေခြင်း များဆောင်ရွက် ပေးကာ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအား ဆေးရုံရေယာဉ်ပေါ် ရှိသားဖွားခန်း၌ အောင်မြင်စွာမီးဖွားပေး နိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ ၂၅ ဦးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ များနှင့် ပုသိမ်မြို့ရှိ နယ် မြေခံဆေးတပ်ရင်းသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment