Pages

Wednesday, April 26, 2017

ရန်ကုန်မြို့၌ ဂိမ်းဆိုင်ပေါင်း ၄၃ ဆိုင်သာ တရားဝင်ဖွင့်ခွင့်ပြုထား




ရန်ကုန် ၂၆-၄-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီး၌ ဂိမ်းဆိုင်ပေါင်း ၄၃ ဆိုင်ကိုသာ တရားဝင်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင် များချပေး၍ ဖွင့်ခွင့်ပြု ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးထံမှ သိရသည်။

ယင်းဂိမ်းဆိုင်များ နှင့်ပတ်သက်၍ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဂိမ်းဆိုင် အသစ်လိုင်စင်များကို ခွင့်ပြုခြင်း မရှိတော့ဘဲ လက်ရှိခွင့်ပြုထားသည့် ဂိမ်းဆိုင် ၄၃ ဆိုင်
ကိုသာ နှစ်စဉ်သက် တမ်းတိုးစိစစ် ခွင့်ပြုနေ ခြင်းလည်းဖြစ်သည်။

ထိုသို့ သက်တမ်းတိုး ခွင့်ပြုသောအခါ တွင်လည်း ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါသည့်အဖွဲ့
များကခွင့်ပြု ထားသော ဂိမ်းစက်အမျိုးအစား များဖြင့်သာ လုပ်ငန်းဆောင်ရွက် ခြင်းရှိ၊ မရှိ၊ ပတ်ဝန်းကျင် အနှောင့်အယှက်ရှိ၊ မရှိနှင့် လိုင်စင်စည်းကမ်းနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စသည်တို့ကို စိစစ်ပြီးမှသာ နှစ်စဉ်သက်တမ်းတိုးခွင့်ပြုခြင်းလည်း ဖြစ်သည်။ 

လိုင်စင်စည်းကမ်း ဖောက်ဖျက်ခြင်းများကို သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများ၏ စိစစ်ချက်အရ ခွင့်ပြုရန်မသင့်ကြောင်း အကြောင်း ကြားလာပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအနေဖြင့် ခွင့်ပြုထားသည့်လိုင်စင်ကို ပိတ်သိမ်းခြင်းဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

''တချို့ဂိမ်းဆိုင်တွေက တရားဝင်ခွင့်ပြု ထားခြင်းရှိ၊ မရှိဆိုတာ မြို့နယ်တွေကို ကွင်းဆင်းစစ်ဆေးမှသာ သိမှာပါ။ ဘယ်ဂိမ်းဆိုင်တွေက တရားဝင်ခွင့်ပြု ထားတယ်ဆိုတဲ့ စာရင်းကိုတော့ ထုတ်ပြန်ပေးပါ့မယ်။
တရားမဝင် ဂိမ်းဆိုင်တွေတွေ့ရှိရင် ချက်ချင်း ဖမ်းရမှာဖြစ်လို့ ဒီစာရင်းကို အရင်မစဉ်းစားဘဲနဲ့ အရေးယူမှုကို အရင်စဉ်းစားပါ့မယ်''ဟု ဦးမောင်မောင်စိုး ကပြောသည်။

#Themyawadydaily

No comments:

Post a Comment