Pages

Wednesday, March 1, 2017

ထိုင်းနိုင်ငံ၏ SAHATHAI စီးပွားရေး လုပ်ငန်းအုပ်စု အနေဖြင့် မြန်မာနိုင်ငံကို အဓိကဦးစားပေး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်မည်



ရန်ကုန် ၊ ၁-၃-၂၀၁၇

ထိုင်းနိုင်ငံ၏ စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်း ထုတ်လုပ်မှု တွင် အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစု ကြီးဖြစ်သော SAHATHAI စီးပွားရေး လုပ်ငန်းအုပ်စု အနေဖြင့် အိမ်နီးချင်း နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံ မှု အသစ်များကို တိုးချဲ့ ဆောင်ရွက် ရာတွင် မြန်မာ နိုင်ငံကို အဓိကဦးစားပေး အနေဖြင့် လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ရှိ မြန်မာနိုင်ငံ သံရုံးမှ စီးပွားရေး သံမှူး၏ သတင်းပေးပို့ ချက် များအရ သိရသည်။

မြန်မာနိုင်ငံ၌ SAHATHAI ကုမ္ပဏီ၏ ရောင်းအားသည် ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ခုနစ် တို့တွင် ၂၀ရာခိုင် နှုန်းထိ မြင့်တက် ခဲ့ပြီး၊ နောက်ထပ် တိုးတက် မည့် အလားအလာများ လည်းရှိ နေသည်ဟု သိရသည်။

 မြန်မာ နိုင်ငံသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်စသည့် ဈေးကွက် နိုင်ငံများသို့ အလွယ်တကူ ချိတ်ဆက်နိုင်သော အချက် အချာကျသည့် တည်နေရာ တွင်ရှိ နေသည်။ မြန်မာ နိုင်ငံတွင် ထိုသို့ ဈေးကွက် အခြေအနေမှ အလား အလာ ကောင်းများစွာ ရှိနေသဖြငSAHATHAI ကုမ္ပဏီ၏ ထပ်မံ တိုးချဲ့လုပ်ကိုင် ဆောင်ရွက် သွားမည့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှု အသစ် များကို မြန်မာနိုင်ငံတွင် အဓိက ဦးစားပေး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment