Pages

Sunday, March 5, 2017

KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူနှစ်ဦး သေဆုံး ၊ တစ်ဦးဒဏ်ရာရရှိ



နေပြည်တော် ၊ ၅-၃-၂၀၁၇

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင် ကျေးရွာအုပ်စု၊ တောင်းလိန် ကျေးရွာနေ ဒေါ်လင်း သည် သားနှစ်ဦး ဖြစ်သည့် အောင်သိန်း၊ ကျော်ဝင်းနိုင် တို့နှင့်အတူ မတ် ၂ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ဟင်းသီးဟင်းရွက်ခူးရန်အတွက် သွားရောက်စဉ် တောင်းလိန် ကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး ကို တိုက်မိ ပေါက်ကွဲခဲ့ရာဒေါ်လင်းနှင့် အောင်သိန်း တို့မှာ မိုင်းစထိမှန် သေဆုံးခဲ့ပြီး ကျော်ဝင်းနိုင် တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာအား မိုင်းခေါင်ကျေးရွာရှိ တပ်မတော် စစ်ကြောင်းက လိုအပ်သည့် ဆေးဝါးကုသခြင်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment