Pages

Friday, March 31, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်




နေပြည်တော် ၊ ၃၁-၃-၂၀၁၇

ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် မတ် ၂၉ ရက်နှင့် ယမန်နေ့တို့တွင် ကိုကိုးကျွန်းမြို့ ရှိ ဒေသခံပြည်သူ ၃၅၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၁ဝ ဦး၊ ခွဲစိတ်ရောဂါ ၃၉ ဦး၊ သားဖွား/မီးယပ် ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၃၈ ဦး၊ အရိုးရောဂါ ၃၉ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၈ ဦး၊ မျက်စိရောဂါ ၃၉ ဦးနှင့် သွားရောဂါ ၂၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ သွားရောဂါလူနာ ၂၃ ဦးနှင့် အထွေထွေခွဲစိတ် လူနာ လေးဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၂ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သည့် ဒေသခံပြည်သူ ၁၅ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment