Pages

Sunday, March 5, 2017

နယ်မြေကျော်လွန် ဖြတ်သန်းသယ်ဆောင်ခွင့် မပါဘဲဆင်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးဖမ်းဆီးရမိ




နေပြည်တော် ၊ ၅-၃-၂၀၁၇

ကယားပြည်နယ်၊ ရှားတော-အောင်ပန်း- စဥ့်ကူး-လက်ပံလှ-ငါးအိုး- ကွန်းချောင်း-မဘိမ်း လမ်းကြောင်းအတိုင်း တရားမဝင် ဆင်များအား ယာဉ်များဖြင့် သယ်ဆောင်လာကြောင်း သတင်းအရ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့အဝင်ရှိ နမ့်ပုံးပုံး ရပ်ကွက်အနီး ၌ စောင့်ဆိုင်း စစ်ဆေးစဉ် မတ် ၂ ရက် ညနေ ၄ နာရီခန့်တွင် ယာဉ်မောင်း ဦးတင်ကျော်(ဘ) ဦးသိန်းနိုင်နှင့် ဦးကျော်ကျော်ဦး (ဘ) ဦးတင်ရွှေ တို့မောင်းနှင်၍ ဦးစောမူးလူ (ဘ) ဦးဗဇော်၊ ဦးစောဒဂေါ် (ဘ) ဦးမော်ဆေးဖေ နှင့် ဦးစောထိပ်တုံး (ဘ) ဦးထူးဝေဟဲ တို့ လိုက်ပါလာသည့် ယူဒီ အမျိုးအစား ခြောက်ဘီးယာဉ်နှင့် ဒေါင်ဖန်း အမျိုးအစား ခြောက်ဘီးယာဉ် တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ နယ်မြေကျော်လွန် ဖြတ်သန်း သယ်ဆောင်ခွင့် မပါဘဲ တင်ဆောင်လာသည့် ဆင်နှစ်ကောင်ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သူများ၊ ဆင်များနှင့် ယာဉ်များအား မဘိမ်းသစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment