Pages

Monday, March 6, 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ 
ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ သံအမတ်ကြီးများအား နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၆-၃ -၂၀၁၇

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Ngo Xuan Lich ၏ ဖိတ်ကြား ချက်အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော် လေဆိပ်မှ ထွက်ခွာ ကြသည်။ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong၊ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sok Chea နှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။ 

မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့်အတူ အဖွဲ့ဝင်များ အဖြစ် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိ ကြီးများ လိုက်ပါ သွားကြသည်။ 

မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် ဗီယက်နမ် နိုင်ငံ ခရီးစဉ် နှင့် တစ်ဆက်တည်း ကမ္ဘောဒီးယား နိုင်ငံသို့ ချစ်ကြည်ရေး ခရီးဆက်လက် သွားရောက်မည် ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံ အကြီး အကဲများ၊ တပ်မတော် အကြီးအကဲ များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အထင်ကရ နေရာများအား လှည့်လည် ကြည့်ရှု လေ့လာခြင်း များ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment