Pages

Monday, March 27, 2017

အိန္ဒိယနိုင်ငံမှ ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာအပြည့်အစုံ တပ်ဆင်ထားသည့် အရေးပေါ်လူနာ တင်ယာဉ်လှူဒါန်း



ရန်ကုန် ၂၇-၃-၂၀၁၇

မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ဆောင်မှုများ ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ အိန္ဒိယနိုင်ငံ အစိုးရက ကူညီပေးလျက် ရှိရာ ခေတ်မီဆေး ဘက်ဆိုင်ရာ ကိရိယာ အပြည့်အစုံ တပ်ဆင်ထားပြီး ဖြစ်သော ရေးပေါ်
လူနာတင်ယာဉ် နှစ်စီးကို ယမန်နေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံ ဆိုင်ရာအိန္ဒိယ သံအမတ်ကြီး H.E Vikram Mirsri က ရန်ကုန် ကလေးဆေးရုံ ကြီးသို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လူနာတင်ယာဉ် နှစ်စီးကို ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှု မြှင့်တင် ပေးရန်နှင့် အရေးပေါ် လူနာများကို ကူညီ ပို့ဆောင် ပေးရာတွင် အသုံးပြုသွား မည်ဖြစ်ပြီး ယခင်က ရန်ကုန်ကလေး ဆေးရုံကြီးသို့ ခေတ်မီရောဂါရှာဖွေ စမ်းသပ်သည့် ကိရိယာများ လှူဒါန်း ထားကြောင်း သိရသည်။

''ဒီအရေးပေါ် လူနာတင်ယာဉ် ကိုလှူဒါန်း တာက လက်ရှိ ယာဉ်ကြောကျပ် တည်းမှုတွေ ဖြစ်ပေါ် နေချိန်မှာ အရေးပေါ် လူနာတင် ယာဉ်ပေါ်မှာပဲ အချိန်မီ အသက်ကို ကယ်တင် နိုင်ဖို့ပါ။ ဒီလူနာတင်ယာဉ် ကိုလည်း မြန်မာ  နိုင်ငံအစိုးရ အဖွဲ့နဲ့ ဆွေးနွေး ညှိနှိုင်းပြီးမှ လှူဒါန်းတာပါ'' ဟု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E Vikram Mirsri က ပြောသည်။

အိန္ဒိယနိုင်ငံ အနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှု များအတွက် မြန်မာနိုင်ငံ မြို့ကြီးများ ရှိဆေးရုံများ ၌လှူဒါန်း နေခြင်း ဖြစ်ပြီး ဆက်လက်၍ ရန်ကုန်ကလေး ဆေးရုံကြီး နှင့် စစ်တွေပြည်သူ့ ဆေးရုံကြီးတို့ အတွက် မရှိမဖြစ် လိုအပ်သော ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ရောဂါရှာဖွေ စမ်းသပ်စက်များ ဖြည့်ဆည်း ပေးခြင်းနှင့် အဆင့်မြှင့်တင် ပေးခြင်းဆိုင်ရာ လုပ်ငန်းများ အတွက် အမေရိကန် ဒေါ်လာ ၇ သန်းအထိ အသုံးပြုသွား ရန် ရှိကြောင်း သိရသည်။

#themyawadydaily

No comments:

Post a Comment