Pages

Saturday, March 25, 2017

(၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်

ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်( ကြည်း ) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၂) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့်စစ်ရေးပြ
စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးစဉ်။

(၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်စဉ်။

နေပြည်တော် ၂၅-၃-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်သော (၇၂) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက် ပိုင်း၌  ဝတ်စုံပြည့် စစ်ရေးပြ လေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။

ယင်းစစ်ရေးပြ အခမ်းအနားတွင် အနော်ရထာ စစ်ကြောင်း၊ ကျန်စစ်သား စစ်ကြောင်း၊ ဘုရင့်နောင် စစ်ကြောင်း၊ အောင်ဇေယျ စစ်ကြောင်း၊ ဆင်ဖြူရှင် စစ်ကြောင်းနှင့် ယန္တရား စစ်ကြောင်း များပါဝင်ပြီး စုရပ်ဖြစ်သည့် နေပြည်တော် သစ်တပ်ကွင်းမှ နေပြည်တော် စစ်ရေးပြကွင်းသို့ တပ်မတော် စစ်တီးဝိုင်းအဖွဲ့ များ၏ တီးခတ်မှုနှင့် အတူ စစ်ချီသီချင်းများ သီဆို၍ ညီညာစွာ ချီတက်ကြပြီး စစ်ရေးပြ အခမ်းအနား အစီအစဉ်များ အတိုင်းလေ့ကျင့် ဆောင်ရွက် ကြသည်။

ထိုသို့ လေ့ကျင့်နေမှုကို ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ြကီး မောင်မောင်အေး၊ တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေး ကြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။

အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီး တပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ရေ) အထူး စစ်ဆင်ရေး တပ်ဖွဲ့ (Navy SEALs) ၊ ယာဉ်ယန္တရားများနှင့် တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်း ရရှိသည်။

#themyawadydaily

No comments:

Post a Comment