Pages

Wednesday, March 29, 2017

မူဆယ်မြို့နယ် နမ့်ဆန်ဂိုဒေါင်ကျေးရွာ၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား


မိုင်းပေါက်ကွဲခဲ့သည့် ဆိုင်ကယ် ၊ ရီမုမိုင်းခလုပ်တစ်ခု နှင့် ဓာတ်ခဲများကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၃-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ဆန်ဂိုဒေါင် ကျေးရွာရှိ ဆီဆိုင်သို့ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင် ကျေးရွာနေ ဦးဘမောင် (ဘ) ဦးခမ်းလှိုင်သည် မတ် ၂၇ ရက် နံနက် ၇ နာရီခန့်တွင် ဆိုင်ကယ် ဆီလာဖြည့်စဉ် လဲကျသွားသဖြင့် ပြန်ထောင်ရာ ထိုင်ခုံရှေ့၌ ညှပ်၍ သယ်ဆောင်လာသည့် ပလတ်စတစ် အိတ်အမည်းရောင် အတွင်းမှ မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာများရရှိ ခဲ့သည့် ဦးဘမောင် အား ဒေသခံ ပြည်သူများက မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုများ အရ ၄င်း၏ အနွေးထည် အင်္ကျီအိတ်အတွင်းမှ ရီမုမိုင်းခလုတ်တစ်ခုနှင့် ဓာတ်ခဲအသေး လေးလုံး ကိုတွေ့ရှိခဲ့ရပြီး ၄င်းမှာ လဲကျသွားသည့် ဆိုင်ကယ်ကို ဆွဲထောင်စဉ် ရီမုမိုင်းခလုတ်ကို နှိပ်မိသဖြင့် အသင့်အသက်သွင်း ထားသော မိုင်းပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် စစ်ကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်ရေးနှင့် အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment