Pages

Monday, February 6, 2017

ဇန်န၀ါရီ ၁၆ ရက်မှ ဇန်န၀ါရီလကုန်အထိ YBS ယာဉ်လိုင်းများကို တိုင်ကြားမှု ၁၃၀၀ နီးပါးရှိ




ရန်ကုန် ၊ ၆-၂-၂၀၁၇

YBS ယာဉ်လိုင်းစနစ်သစ် စတင်ပြေးဆွဲ ခဲ့သည့် ဇန်နဝါရီ ၁၆ ရက်မှ ဇန်နဝါရီလကုန် အထိ ကောက်ခံရရှိသော စာရင်းများ အရ YBS ယာဉ်လိုင်းများကို တိုင်ကြားမှု ၁၃ဝဝ နီးပါးရှိကြောင်း YBS Complain Center မှ သိရသည်။

ယင်းကဲ့သို့ တိုင်ကြားမှုများ အနက် ငါးပုံတစ်ပုံသည် ယာဉ်လိုင်းများ စည်းကမ်း ဖောက်ဖျက်ခြင်းကို တိုင်ကြားမှုများ ဖြစ်ပြီး ကျန်တိုင်ကြားမှု များသည် ယာဉ်ခေါင်းခန်း ထိုင်ခုံနေရာ အတွက် ယာဉ်စီးခပိုမို ကောက်ခံခြင်း၊ သတ်မှတ်ချိန် အထိ ပြေးဆွဲပေးမှု မရှိခြင်းနှင့် ဂိတ်ဆုံးအထိ ပြေးဆွဲပေးမှု မရှိခြင်းတို့ ပါဝင်နေကြောင်း သိရသည်။

YBS ယာဉ်လိုင်းများ၏ စည်းကမ်းပျက်မှု များကို အရေးယူ ဆောင်ရွက်ရန် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ယာဉ်လိုင်း စနစ်သစ် စတင်ပြေးဆွဲသော ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က စတင်ထုတ်ပြန် ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ YBS ယာဉ်တချို့သည် သတ်မှတ်စည်းကမ်း အတိုင်း ပြေးဆွဲမှုမရှိ ဖြစ်နေခြင်းမှာ သက်ဆိုင်ရာ ကုမ္ပဏီများ၏ စီမံခန့်ခွဲမှု အားနည်းချက် ဖြစ်ပြီး လက်ရှိ အချိန်ထိ ဂိတ်ဆုံးအထိ မသွားသေးသော ယာဉ်လိုင်းများ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး လုပ်သားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး ကပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment