Pages

Friday, February 24, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ ၊ ဆုချီးမြှင့်ပွဲများ ပြုလုပ်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်မှူးချုပ် သန်းကျော်စိုး က မသန်စွမ်းပြေးခုန်ပစ် ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းအား တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်စဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) နယ်မြေခံ တပ်မတော် ဆေးရုံကြီးမှ ဗိုလ်မှူးချုပ် ကျော်မင်းဦး က အလေးမနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုများ ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) အသင်းကို တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်စဉ်

နေပြည်တော် ၊ ၂၄-၂-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်( ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပ ပြုလုပ်ရာ (ခ)အဆင့်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို နေပြည်တော်ရှိ ဇေယျာသီရိ ဘောလုံးကွင်း၌ ဆက်လက်ပြုလုပ် ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါ အားကစားပြိုင်ပွဲ သို့ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေး ကြသည်။

ထို့အတူ ၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊လေ) မသန်စွမ်း ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိ ဘောလုံးကွင်း၌ လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊ လေ) အလေးမနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ အားကစားရုံ ၌လည်းကောင်း အသီးသီး ပြုလုပ်ကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် အားကစား သမားများ တက်ရောက် ကြသည်။

ဦးစွာ တက်ရောက် လာကြသူများက ဗိုလ်လုပွဲပွဲစဉ် အသီးသီးယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ် ရာ မသန်စွမ်း ပြေးခုန်ပစ် ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်မှူးချုပ် သန်းကျော်စိုး ကလည်းကောင်း၊ အလေးမနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ကာယဗလမောင် ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲ တို့၌ တံခွန်စိုက်ဒိုင်းဆုများ ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) အသင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) နေပြည်တော် နယ်မြေခံ တပ်မတော် ဆေးရုံကြီးမှ ဗိုလ်မှူးချုပ် ကျော်မင်းဦး ကလည်းကောင်း တံခွန်စိုက်ဒိုင်းဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ပြိုင်ပွဲအမျိုးအစား အလိုက် ဆုရရှိသည့် အသင်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment