Pages

Thursday, February 23, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) မာန်အောင်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၊ ၂၃-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် ဖေဖော်ဝါရီ ၂၁ ရက်တွင် မာန်အောင်မြို့ရှိ ဒေသခံ ပြည်သူ ၇၂ဝ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၄ဝ ဦး၊ ခွဲစိတ်ရောဂါ ၉၂ ဦး၊ ကလေးရောဂါ ၇၇ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅၁ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၇၉ ဦး၊ မျက်စိရောဂါ ၁၂၅ ဦးနှင့် သွားရောဂါ ၅၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၂ဝ ဦး၊ သွားရောဂါ လူနာ ၅၆ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ကိုးဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ် ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၇၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၄၂ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၂၉ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင် ကုသပေးကာ လူနာလေးဦးအား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment