Pages

Friday, February 24, 2017

မြန်မာနိုင်ငံအတွင်း ဆင်အကောင်ရေ ၄၀၀၀ ကျော်ကျန်ရှိနေပြီး လုံးဝကာကွယ်ထိန်းသိမ်းရမည့် စာရင်းတွင်ထည့်သွင်းထား



နေပြည်တော် ၊ ၂၄-၂-၂၀၁၇

မြန်မာနိုင်ငံအတွင်း ဆင်အကောင်ရေ ၄ဝဝဝ ကျော် ကျန်ရှိနေပြီး မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန် လုံးဝကာကွယ် ထိန်းသိမ်းရမည့် စာရင်းတွင် ထည့်သွင်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ရှားပါးတိရစ္ဆာန် စာရင်းဝင် အထူးထိန်းသိမ်း ထားရမည့်ဆင်များကို တောမုဆိုးများနှင့် ဆင်စွယ်လိုသူများက သတ်ဖြတ်၍ အစွယ်နှင့် အသားများ ထုတ်ယူလေ့ ရှိသည့်အတွက် မျိုးသုဉ်းပျောက်ကွယ် သွားနိုင် သည့်ဘေးမှ ကာကွယ်နိုင်ရန် နိုင်ငံတော်အစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သည်။ မြန်မာ့သစ်လုပ်ငန်းနှင့် ပုဂ္ဂလိကပိုင် ဆင်အားလုံးအတွက် ရှေးမြန်မာမင်းများ လက်ထက်ကပင် ဆင်ထိန်းသိမ်း ရေး လုပ်ငန်းများကို အလေးထားခဲ့ပြီး ၁၈၉၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆင်ထိန်းသိမ်းရေး ဥပဒေသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော တောရိုင်းတိရစ္ဆာ န် ထိန်းသိမ်း ကာကွယ်ရေး ဥပဒေဖြစ်ကြောင်း လည်း သိရသည်။

ထို့ပြင် ဆင်များနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံ အခြေစိုက် INGO ဖောဘော ဆိုသည့် အဖွဲ့အစည်း ကလည်း မြန်မာ့သစ်လုပ်ငန်းတွင် ရှိသည့် ဆင်အို၊ ဆင်နာ၊ ဆင်ငယ်များ ပြုစု စောင့်ရှောက်ရန် နှစ်ရှည် စီမံကိန်းကိုလည်း ပြုလုပ်မည် ဖြစ်သည်။

လက်ရှိတွင် သစ်တောစခန်းများ အတွင်းမှ ဆင်များကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် လေ့လာရေး ဆင်စခန်းများ ဖွင့်လှစ်ပေးထားပြီး အများပြည်သူ လေ့လာနိုင်ရန် ပြသထားမည် ဖြစ်သည်။ ယင်းမှရရှိသော ငွေများဖြင့် ဆင်နှင့်ဆင်ထိန်း များကို ပံ့ပိုးပေးမည်ဖြစ် ပြီးသစ်လုပ်ငန်းများ ရပ်နားထားခြင်း ကြောင့် ခရီးသွားလုပ်ငန်း များနှင့် ပူးပေါင်းကာ ယခု အစီအစဉ်ကို ဖော်ဆောင်ပေး ထားခြင်းဖြစ်ကြောင်း သိရသည်။

တောရိုင်းတိရစ္ဆာ န် များနှင့် သဘာဝအပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ၁၉၉၄ အရ ဆင်များကို လုံးဝကာကွယ် ထားသည့် တောရိုင်းတိရစ္ဆာ န်များ စာရင်းတွင် ထည့်သွင်း ဖော်ပြထားကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် တောရိုင်းဆင်များ နေထိုင်သော တောများကို ဘေးမဲ့တောများ အဖြစ် စုစုပေါင်း ဧရိယာ ၉၂ဝ၅ ဒသမ ဝ၄ စတုရန်းမိုင် ထားရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment