Pages

Wednesday, February 22, 2017

၂၀၂၀ ပြည့် နှစ်တွင် ပြည်တွင်း ဆေးဝါး လိုအပ်ချက် ၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရန် စီမံဆောင် ရွက်နေ



ရန်ကုန် ၊ ၂၂-၂-၂၀၁၇

၂ဝ၂ဝပြည့်နှစ်တွင် ပြည်တွင်း သုံးစွဲမှု ဆေးဝါး လိုအပ်ချက်၏ ၅ဝ ရာခိုင်နှုန်း ကိုအပြီးသတ် ဖြည့်ဆီး ဆောင်ရွက် ပေးနိုင်ရန်အတွက် စီမံ ဆောင်ရွက် နေကြောင်း စက်မှုဝန်ကြီး ဌာန၏ ဖေဖော်ဝါရီ ၁၈ရက်က ထုတ်ပြန်သော သတင်းများအရ သိရသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် ၂ဝ၂ဝပြည့်နှစ် တွင် ပြည်တွင်းဆေးဝါး လိုအပ်မှု၏ ၅ဝရာခိုင်နှုန်းကို ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေးအတွက် တစ်နှစ်ကို ထိုးဆေး သန်း၂ဝတိုးမြှင့် ထုတ်လုပ်သွား မည်ဖြစ်သည်။

အဆိုပါဆေးဝါး များကို စက်မှု ဝန်ကြီးဌာန လက်အောက်မှ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ယခင်ဘီပီအိုင် ဆေးဝါးစက်ရုံကို အခြေပြု တည်ဆောင် ထားသည့် မြန်မာ့ဆေးဝါး လုပ်ငန်း၏ ဆေးဝါး စက်ရုံ(အင်းစိန်)မှ ထုတ်လုပ်ပေး သွားမည်ဖြစ်သည်။

နိုင်ငံသားများ ဈေးနှုန်းချိုသာ ပြီး အရည်အသွေး ကောင်းမွန်သည့် အသည်းရောင် အသားဝါ(ဘီပိုး) ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး အတွက် အဆိုပါစက်ရုံကို ၂ဝဝ၂ ခုနှစ်က စတင်တည် ဆောက်ခဲ့ပြီး ၂ဝ၁၆ခုနှစ်က ကိုရီးယားနိုင်ငံ LG Life Science (LGLS) ကုမ္ပဏီ နှင့်ပူးပေါင်း၍ နိုင်ငံတကာအဆင့် မီအသည်း ရောင်အသားဝါ(ဘီပိုး) ကာကွယ်ဆေးများကို ထုတ်လုပ်ခဲ့ ခြင်းဖြစ်သည်။ ယခုအခါ ဆေးဝါး စက်ရုံ(အင်းစိန်)နှင့် ပူးပေါင်းကာ Euvax BTM အမည်ဖြင့် ဘီပိုး ကာကွယ်ဆေး များကို ပြည်တွင်း ဈေးကွက်များသို့ ထုတ်လုပ်ဖြန့်ချိ ပေးနေပြီဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

#Yadanarpondaily

No comments:

Post a Comment