Pages

Saturday, February 25, 2017



စစ်ကိုင်း (၂၅-၂-၂၀၁၇)

စစ်ကိုင်းမြို့ တာရိုးကြီး လမ်းချင်းစု လမ်းဆုံလမ်းပိုင်းကို တစ်ဖက်ပေ ၆ဝစီ လမ်းမြေတိုးချဲ့၍ အဆိုပါလမ်းဆုံကို မီးပွိုင့် တပ်ဆင်သွားမည် ဖြစ်ကြောင်း စစ်ကိုင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ တာရိုးကြီးလမ်း ချင်းစုလမ်းဆုံ ကို တစ်ဖက်ပေ ၆ဝစီ လမ်းမြေတိုးချဲ့ခြင်း လုပ်ငန်းများကို ငွေကျပ်သိန်း ၁၈ဝအကုန် အကျခံ၍ ပြုလုပ် ဆောင်ရွက်ပြီးဖြစ် ကြောင်း၊ လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၁ရက်မှ  စတင် ပြုလုပ်ဆောင်ရွက် နေပြီး ယခုဘဏ္ဍာ နှစ်အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဦးဝင်းနိုင် က ပြောပြသည်။ 

''စစ်ကိုင်းမြို့ အနောက်ဘက် မှာရှိတဲ့ မအူပင်၊ ဆင်မြေ၊ ဒေါင်းမ၊ တဲကြီး စတဲ့ ကျေးရွာက လူတွေ ဒီလမ်းပိုင်းကို အသုးံ ပြု ကြတယ်။ ပြီးတော့ ဘော်ဂါကျောက် စိမ်းပုတီးဝိုင်း လဲရှိနေတော့ အသွားအလာ အများဆုံး လမ်းဖြစ်နေတယ်။ နေ့စဉ် ရှုပ်ထွေးများပြား တဲ့အတွက် ကျွန်တော် တို့အနေနဲ့ လမ်းပိုင်းကိုချဲ့ပြီးရင် ယာဉ်ထိန်း အဆောက်အအုံ တည်ဆောက်ပြီး မီးပွိုင့် တပ်ဆင် ပေးသွားမှာပါ''ဟု ၎င်းက ပြောပြသည်။

စစ်ကိုင်းမြို့တွင် လူဦးရေ တိုးတက်လာ သည်နှင့်အမျှ ယာဉ်အန္တရာယ် ဖြစ်ပွားမှုမရှိ စေရန်နှင့် သွားလာနေသည့် ပြည်သူများ အနေဖြင့် အချိန်တွက်ဆ သွားလာနိုင်ရေး အတွက်ရည်ရွယ်၍ စစ်ကိုင်းမြို့ ကိုးပေ တံတားအဆင်း၊ စစ်ကိုင်းမြို့ ကျော်ထက် ကွေ့လမ်းဆုံ နှင့်စစ်ကိုင်းမြို့ ချင်းစုရပ်ကွက် လမ်းဆုံတို့ကို ဒစ်ဂျစ်တယ် မီးပွိုင့်များ တပ်ဆင်သွားရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ တင်ပြထား ပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment