Pages

Friday, February 3, 2017

(၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


(၂၄)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်

တပ်မတော်ဂုဏ်ပြု စစ်တီးဝိုင်းအဖွဲ့က သရုပ်ပြတီးခတ် ဖျော်ဖြေစဉ်

နေပြည်တော် ၊ ၃-၂-၂၀၁၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ စစ်ကြောရေး နှင့် တည်းခိုရေး စခန်း စစ်ရေးပြကွင်း ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း  စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီ ဝင်များ၊ အကဲဖြတ် အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

အခမ်းအနား အစီအစဉ်အရ နိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သား များအား အလေးပြု ကြပြီးနောက် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။ ထို့နောက် တပ်မတော် ဂုဏ်ပြု စစ်တီးဝိုင်းအဖွဲ့ က သရုပ်ပြ တီးခတ် ဖျော်ဖြေရာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။

အဆိုပါ (၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက်မှ ၁၅ ရက်အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်တီးဝိုင်း အဖွဲ့ပေါင်း ၅၈ ဖွဲ့ ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment