Pages

Wednesday, February 22, 2017

နေပြည်တော်ကို Tourism ခရီး စဉ် ဒေသတစ်ခု အဖြစ် ဖော်ဆောင်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ဆောင်ရွက် လျက်ရှိ


ဆာဖာရီဥယျာဉ် (နေပြည်တော်)

နေပြည်တော် ၊ ၂၂-၂-၂၀၁၇

နေပြည်တော်ကို Tourism ခရီးစဉ် ဒေသ တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါဌာနမှ သိရသည်။

နေပြည်တော်တွင် ပြည်တွင်းခရီးသွား များသာမက ပြည်ပမှ နိုင်ငံခြားသားကမ္ဘာ လှည့်ခရီးသွားများပါ လည်ပတ်လေ့လာ နိုင်သည့် နေရာဒေသများစွာ တည်ရှိနေ သည့်အတွက် ပြည်တွင်းခရီးစဉ် ဒေသ တစ်ခုသာမက ပြည်ပမှ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများပါ လာရောက် လည်ပတ်လေ့လာ နိုင်မည့် Tourism ခရီးစဉ် ဒေသတစ်ခုအဖြစ် ကြိုးစားဆောင် ရွက်နေကြောင်း၊ နေပြည်တော်တွင် ပြည်တွင်းခရီးသွားများ လည်ပတ်လေ့လာ နိုင်မည့် တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိုင်းရင်းသားကျေးရွာ၊ မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းကို လေ့လာသိရှိနိုင်မည့် စစ်သမိုင်းပြတိုက်နှင့် ဗုဒ္ဓဂယာ စသည့် လေ့လာစရာနေရာ များစွာတည်ရှိကာ အနားယူစရာ ရေပူစမ်းနေရာလည်း ရှိသည်။

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား များအတွက် လေ့လာစရာ လွှတ်တော် အဆောက်အအုံ၊ သမိုင်းဝင် လှေခွင်းတောင် တော်၊ ဆင်စခန်းများ နှင့် ဒေသခံပြည်သူ များ၏ ရိုးရာ ဓလေ့စရိုက်များ၊ ယဉ်ကျေးမှု များကိုပါ လေ့လာ နိုင်သည်ဖြစ်၍ နေပြည် တော်ကို Tourism ခရီးစဉ် ဒေသတစ်ခု ဖြစ်လာစေရန် ဟိုတယ် နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနနှင့် ခရီးသွား လုပ်ငန်းရှင် များအသင်းတို့ ဖြည်းဖြည်း ချင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

''နေပြည်တော်ကို Tourism ခရီးစဉ် တစ်ခုအဖြစ် ဖော်ဆောင် မယ်ဆိုရင် ဖော်ဆောင်လို့ ရပါတယ်။ ဒီလိုခရီးစဉ်ဒေသ တစ်ခုဖြစ်သင့်တဲ့ အခြေအနေတွေ၊ အနေ အထားတွေလဲ အများကြီးရှိပါတယ်။ အခုဆိုရင် နေပြည်တော်မှာ ချယ်ရီပန်းပင် တွေလဲ စိုက်ပျိုး ထားပြီဆိုတော့ နောက်ပိုင်း မှာ ဂျပန်နိုင်ငံသား တွေကလဲ နေပြည်တော်ကို ချယ်ရီပန်း ပွင့်ချိန်တွေဆို ခရီးစဉ်တစ်ခု အနေနဲ့ လာကြတော့မှာပါ။ ဆင်စခန်း အသစ်လဲ ထပ်ဖွင့်ဖို့ လုပ်နေပါတယ်။ 

နောက်ပိုင်း မှာတော့ နေပြည်တော် က Tourism ခရီးစဉ်ဒေသ တစ်ခုဖြစ်လာမှာ ပါ''ဟု ဟိုတယ်နှင့် ခရီးသွား လာ ရေးဝန်ကြီး ဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြောပြသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment