Pages

Wednesday, February 8, 2017

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ


တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် တာဝန်ရှိသူတို့က တပ်မတော်( ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်း ပြိုင်ပွဲများကို ကြည့်ရှု အားပေးစဉ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ယှဉ်ပြိုင်စဉ်

နေပြည်တော် ၊ ၈-၂-၂၀၁၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော်( ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်း ပြိုင်ပွဲ(ခ) အဆင့်ပြိုင်ပွဲများ ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အမှတ်(၆၆) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၂၂) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၁၁) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အမှတ်(၁) တပ်ခွဲစစ်တီးဝိုင်း အသင်းတို့ ယှဉ်ပြိုင်ခဲ့ ကြသည်။

အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲသို့ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထွန်းထွန်းညီ၊ စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြည့်ရှု အားပေးခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment