Pages

Wednesday, February 22, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကားပြိုင်ပွဲများ ဆက်လက်ကျင်းပ ၊ ဆုချီးမြှင့်ပွဲများပြုလုပ်


တိုက်ကွန်ဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)အသင်း ဆုလက်ခံရယူစဉ်

အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် 
အသင်း ဆုလက်ခံရယူစဉ်

နေပြည်တော် ၊ ၂၂-၂-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပ ပြုလုပ်ရာ (က)အဆင့် ဘောလုံးပြိုင်ပွဲ တတိယနေရာ လုပွဲနှင့် မသန်စွမ်း ပြေးခုန်ပစ် ပြိုင်ပွဲကို နေပြည်တော်ရှိ ဇေယျာသီရိ ဘောလုံးကွင်း၌ လည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (ဃ) ၌လည်းကောင်း၊ ရေကူးအားကစား ပြိုင်ပွဲကို ဇေယျာသီရိ ရေကူး အားကစားရုံ ၌လည်းကောင်း၊ အလေးမနှင့် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဝူရှူးပြိုင်ပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ အားကစားရုံ များ၌ လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါ အားကစားပြိုင်ပွဲ များသို့ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။

ထို့အတူ ၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိ အားကစားရုံ (က) ၌လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇေယျာသီရိ အားကစားရုံ (ခ) ၌လည်းကောင်း အသီးသီး ပြုလုပ်ကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အားကစား သမားများ တက်ရောက် ကြသည်။

ဦးစွာ တက်ရောက် လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ် အသီးသီး ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက် ပြုလုပ်ရာ တိုက်ကွမ်ဒို ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) အသင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကိုယ်စား) နယ်မြေခံ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်း က လည်းကောင်း၊ အမျိုးသား/ အမျိုးသမီး ဂျူဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကိုယ်စား) နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ဒုတိယ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် လှသန်းမောင် ကလည်းကောင်း တံခွန်စိုက် ဒိုင်းဆုများ အသီးသီး ချီးမြှင့်ပေးအပ် ကြသည်။



ယင်းနောက် ပြိုင်ပွဲအမျိုးအစား အလိုက် ဆုရရှိသည့် အသင်းများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများက ဆုများ အသီးသီးပေးအပ် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment