Pages

Tuesday, February 21, 2017

မန္တလေးမြို့တွင် ယာဉ်ကြောရှုပ်ထွေးမှု လျှော့ချနိုင်ရေးအတွက် ဆင်ဆာမီးပွိုင့် ၅၀ လျာထားသော်လည်း တစ်နှစ်လျှင် ပျမ်းမျှ ၁၀ ခုနှုန်းဖြင့်သာ တပ်ဆင်မည်



မန္တလေး ၊ ၂၁-၂-၂၀၁၇

မန္တလေးမြို့တွင် ယာဉ်ကြော ရှုပ်ထွေးမှုကို လျှော့ချနိုင်ရေး ဆင်ဆာမီးပွိုင့် ၅ဝ လျာထားသော်လည်း ဘတ်ဂျက်အနေအထားအရ တစ်နှစ်လျှင် ပျမ်းမျှ ၁ဝ ခုနှုန်းဖြင့်သာ တပ်ဆင်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မန္တလေးမြို့သည် လွန်ခဲ့သည့်နှစ် ၂ဝ ကျော်ကာလနှင့် နှိုင်းယှဉ်ပါက ယခု လက်ရှိအချိန်တွင် လူနေထူထပ်မှု များပြားလာသည့် အပြင် လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာသည့် အတွက် အခြားနိုင်ငံ များမှတင်သွင်းသည့် မော်တော် ဆိုင်ကယ် နှင့် ကားများကို ဝယ်ယူစီးနင်းသူ ပိုမို များပြားလာကြောင်း၊ စီးနင်းမှုများပြား လာသည့်အတွက် မန္တလေးမြို့ အတွင်း ယာဉ်ကြော ပိတ်ဆို့၊ ကျပ်တည်းမှု များမှာ အဓိကဖြေရှင်း ရမည့် ပြဿနာ တစ်ရပ်အနေဖြင့် ပါဝင်နေကြောင်း၊ ၄င်းပြဿနာ များကို ဖြေရှင်းပေး နိုင်ရန်အတွက် မြို့တွင်းရှိ မီးပွိုင့်များမှာလည်း အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေကြောင်း သိရသည်။

ယခင်က အသုံးပြုနေသော မီးပွိုင့်များမှ အချက်ပြ စနစ်ဖြင့် လမ်းညွှန်ပြသ ပေးခြင်းဖြင့် ယာဉ်ကြော စီးဆင်းမှုကို လွယ်ကူစေ သော်လည်း ယခုလက်ရှိ အချိန်တွင် ပြောင်းလဲတပ်ဆင် နေသည့် ဆင်ဆာမီးပွိုင့် များမှာ  ရပ်မျဉ်း အတွင်း စနစ်တကျ ရပ်ခြင်းဖြင့် အလိုအလျောက် အချက်ပြပေးမည့် စနစ်များ ပါရှိကြောင်း၊ ၄င်း ဆင်ဆာမီးပွိုင့် များကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်းမှစ၍ စတင်တပ်ဆင် ခဲ့ရာ ၄င်းဘဏ္ဍာနှစ် အတွင်း ဆင်ဆာမီးပွိုင့် စုစုပေါင်း ၁၁ ပွိုင့်ကို ယခု လက်ရှိအချိန်တွင် အသုံးပြုနေပြီ ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ် အတွင်း၌လ ည်း ဆင်ဆာမီးပွိုင့် ၁ဝ ခုကို တပ်ဆင်နေကြောင်း ၊ လာမည့် နှစ်တွင်လည်း မီးပွိုင့် ၁ဝ ခု တပ်ဆင်နိုင်ရန် လျာထားကြောင်း သိရသည်။

မန္တလေးမြို့ကြီး၌ ယခုတပ်ဆင် နေသည့် မီးပွိုင့်များတွင် CCTV များ ချိတ်ဆက်ကာ Control Room မှ Australia နည်းပညာဖြင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ၄င်း တပ်ဆင်ထားသည့် ဆင်ဆာမီးပွိုင့် များအတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ မပြုလုပ်ကြ စေရန် အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

'' မန္တလေးမြို့မှာ အဓိကကျတဲ့ ဆီဒိုးနား လိုနေရာမျိုး တွေကို ဆင်ဆာမီးပွိုင့် တွေ စတင် တင်ဆင်နေပါပြီ။ ဘတ်ဂျက် အနေအထား ကလဲ ရှိသေးတော့ အဓိက လူသွားလူလာ များပြီး ယာဉ်ကြော ရှုပ်ထွေးနိုင်မယ့် နေရာတွေကို ရွေးချယ်ပြီး တပ်ဆင် နေပါတယ်။ နောက်နှစ် တွေမှာလဲ တခြားနေရာတွေကို ရွေးချယ် တပ်ဆင်သွားဖို့ ရှိပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment