Pages

Wednesday, February 1, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာတပ်နယ်ရှိ တပ်မတော်ချည်မျှင် နှင့် အထည်စက်ရုံနှင့် လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ် တို့အား ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ခေတ္တစက်ရုံမှူး က စက်ရုံ၏ ကုန်ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခင်းကျင်းပြသထားသည့် 
တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)မှ ထုတ်လုပ်ထားသော တပ်မတော် 
(ကြည်း၊ ရေ၊ လေ) ယူနီဖောင်း ပိတ်စများနှင့် အ၀တ်အထည် များကို ကြည့်ရှုစစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေယာဉ်ရုံအတွင်း 
ရဟတ်ယာဉ်ပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးစဉ်

နေပြည်တော် ၊ ၁-၂-၂၀၁၇

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းတွင် တပ်မတော်ချည်မျှင် နှင့် အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင် များအား စက်ရုံ အစည်းအဝေး ခန်းမတွင် ခေတ္တစက်ရုံမှူးက စက်ရုံ၏ ကုန်ထုတ်လုပ်မှု အခြေအနေ များအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စက်ရုံမှ ထုတ်လုပ်သည့် ထုတ်ကုန်များ၏ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး၊ အဝတ်အထည် များ၏ အဆင်ဒီဇိုင်း၊ အရောင်အသွေး အမြဲကောင်းမွန် နေစေရန် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရေး၊ အသုံးပြုသည့် ကုန်ကြမ်းများ အမျိုးအစား မှန်ကန်စေရေးနှင့် စက်ရုံဝန်ထမ်း များ၏ နေထိုင်ရေး၊ သွားလာရေး ကိစ္စရပ် များတွင် အဆင်ပြေမှု ရှိစေရန်နှင့် သက်သာ ချောင်ချိမှုရှိရေး လုပ်ဆောင် ပေးရန် မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသ ထားသည့် စက်ရုံမှ ထုတ်လုပ်ထားသော တပ်မတော် (ကြည်း၊ ရေ၊ လေ) ယူနီဖောင်းပိတ်စ များနှင့် အခြား အဝတ်အထည် များအား ကြည့်ရှုစစ်ဆေး ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်သို့ ရောက်ရှိကြပြီး အစည်းအဝေး ခန်းမတွင် ဌာနချုပ်မှူးနှင့် တာဝန်ရှိ သူများက သက်တမ်းနှစ် အရ၊ 

အသုံးပြုနာရီ အရ လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က လေယာဉ်၊ ရဟတ်ယာဉ်များ ပြင်ဆင် ထုတ်လုပ်ရာတွင် လုံခြုံစိတ်ချရမှု သည် လွန်စွာအရေးကြီး သဖြင့် ပြင်ဆင် ထိန်းသိမ်းမှု ဆိုင်ရာ နည်းစနစ်များ အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရေး အား အစဉ်ဂရုပြု ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင် များသည် လေယာဉ်ရုံအတွင်း ရဟတ်ယာဉ် ပြင်ဆင်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment