Pages

Thursday, January 26, 2017

နယ်စပ်ဂိတ်များမှ တရားမ၀င် ၀င်ရောက်လာသည့် ကုန်စည်များကို မတ်လမှစတင်၍ ခေတ်မီ X-Ray စက်များဖြင့် စစ်ဆေးသွားမည်


နေပြည်တော် ၊ ၂၆-၁-၂၀၁၇

မြန်မာနိုင်ငံအတွင်း နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်စည်များကြောင့် နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာငွေများ မရရှိဘဲ နစ်နာမှုများစွာ ရှိခြင်းကြောင့် မတ်လမှ စတင်၍ နယ်စပ်ဂိတ်များတွင် ခေတ်မီ X-Ray စက်များဖြင့် တရားမဝင် ကုန်စည်များကို စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''စစ်ဆေးမှု ဆောင်ရွက်တဲ့ အခါမှာလည်း စစ်ဆေးသူရော၊ စစ်ဆေးခံသူ နှစ်ဦးစလုံးကို CCTV မြင်ကွင်းအောက် မှာပဲ စစ်ဆေးမှာ ဖြစ်တယ်။ သတင်းမီဒီယာ တွေကိုလည်း မိမိတို့ စိတ်တိုင်းကျ နေရာယူခွင့် ပေးထားမှာ ဖြစ်တယ်။ စစ်ဆေးတဲ့ စစ်ဆေးချက်တွေ အားလုံးကိုလည်း မှတ်တမ်းတင် ထားမယ်။ နေ့စဉ်စစ်ဆေးမှု များနဲ့ ပတ်သက်ပြီး သတင်းမှာလွှင့်မယ်။ ဝက်ဘ်ဆိုက်မှာ တင်ထားမယ်။ လာဘ်ပေးလာဘ်ယူတွေ မဖြစ်အောင်လို့ ဒီမှာ တာဝန်ထမ်းဆောင် နေတဲ့ဌာန အသီးသီးက ဝန်ထမ်းအားလုံးကို ဖမ်းဆီး ရမိတဲ့ပစ္စည်းရဲ့ ၅ဝ ရာခိုင်နှုန်းကို ဆုချီးမြှင့်တဲ့ အနေနဲ့ ပေးမှာဖြစ်ပါတယ်။ စစ်ဆေးတဲ့ အခါမှာလည်း X-Ray စက်နဲ့ Mobile X-Ray စက်တွေကို အသုံးပြုမယ်။ အခြားခေတ်မီ စက်တွေကိုလည်း အသုံးပြုပြီး စစ်ဆေး ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်''ဟု ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂၆) စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော တရားမဝင် ကုန်စည်များ တားဆီး ထိန်းချုပ်ရေး စီမံချက်နှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။

အဆိုပါ အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment