Pages

Monday, January 2, 2017

KKO ခွဲထွက် စောဆန်းအောင် အဖွဲ့မှ တပ်ဖွဲ့ဝင် ၇ ဦး ဥပဒေဘောင်အတွင်း ၀င်ရောက်


ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော KKO ခွဲထွက် စောဆန်းအောင် အဖွဲ့မှ 
တပ်ဖွဲ့ဝင်များကို လက်နက် ၊ ခဲယမ်း ဆက်စပ်ပစ္စည်းများ နှင့်အတူတွေ့ရစဉ်

နေပြည်တော် ၊ ၂-၁-၂၀၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ တပ်မတော် စစ်ကြောင်း အခြေပြုနေရာသို့ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်တွင် KKO ခွဲထွက် စောဆန်းအောင် အဖွဲ့မှ ဝင်းဇော် ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင် ခုနစ်ဦးတို့သည် လက်နက်မျိုးစုံ ခုနစ်လက်၊ ကျည်မျိုးစုံ ၆၁၂ တောင့်၊ ကျည်အိမ်မျိုးစုံ ရှစ်ခုတို့နှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် လာခဲ့သည်။

၎င်းတို့အနေဖြင့် KKO ခွဲထွက် စောဆန်းအောင် အဖွဲ့၏ လုပ်ရပ်များအပေါ် လက်ခံမှု မရှိခြင်းနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း တို့ကြောင့် ၂ဝ၁၇ ခုနှစ်၊ နှစ်သစ်တွင် ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment