Pages

Monday, January 23, 2017

ဒေသခံပြည်သူတစ်ဦး ၏ မော်တော်ယာဉ်အား KIA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်





နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းလေး ကျေးရွာနေ ကိုကျော်ခိုင်သည် မံဝန်းကြီးကျေးရွာနေ ကိုကျော်နိုင်နှင့် ကွတ်လုံကျေးရွာနေ ကိုမောင်ဝင်း တို့နှင့်အတူ ဇန်န၀ါရီ ၂၁ ရက်နံနက် ၁၀ နာရီခန့်တွင် ဆပ်ဖ် အမျိုအစား တော်တော်ယာဉ်ဖြင့် တောင်ယာစပါး သယ်ယူရန် ထွက်ခွာလာစဉ် မံဝိန်းကြီးကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဘော်နွယ်ရွာပျက် အနီးသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၁၀ ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် မော်တော်ယာဉ် ကို နောက်သို့ပြန်လည် မောင်းနှင်ခဲ့သည်။

ပစ်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ မော်တော်ယာဉ်အား လက်နက်ငယ်ကျည် ၁၅ ချက်ခန့် ထိမှန်ခဲ့ပြီး ယာဉ်ကိုယ်ထည်၊ ရှေ့လေကာမှန်နှင့် အင်ဂျင်တို့ ပျက်စီးခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment