Pages

Wednesday, January 25, 2017

ရန်ကုန်မြို့၌ ဂျပန်နိုင်ငံအကူအညီဖြင့် ဆိုလာစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်ရန် မြေနေရာရှာဖွေ


ရန်ကုန် ၊ ၂၅-၁-၂၀၁၇

ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက် လာသည်နှင့်အမျှ စီမံကိန်းများ ချမှတ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆောင်ရွက်လျက် ရှိရာ ဆိုလာစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ရန် မြေနေရာ ရှာဖွေလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဆိုလာစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် ရန်ကုန်မြို့နှင့် ညီအစ်မမြို့တော် ဖြစ်သော ဂျပန်နိုင်ငံရှိ ဝါဆာကီမြို့က နည်းပညာ ပိုင်းနှင့် ငွေကြေး အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆိုလာစွမ်းအင် မှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား များကို မည်သည့်နေရာ၌ အသုံးပြုမည်ကို ညှိနှိုင်း ဆွေးနွေးနေဆဲ ဖြစ်ပြီး ဆိုလာ စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် နေရောင်ခြည် အပြည့်အဝ ရရှိသောနေရာ ဖြစ်ရန် လိုသည့်အတွက် နေရာရှာဖွေ နေရခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သည် လျှပ်စစ်ဓာတ်အား ၆၉ ရာခိုင်နှုန်းကျော် အထိ အသုံးပြုလျက် ရှိပြီး လိုအပ်သော လျှပ်စစ်ဓာတ်အား များ ရရှိရေးအတွက် သင့်လျော်မှု ရှိသော စီမံကိန်းများဖြင့် ဖြည့်ဆည်းပေး နိုင်ရန် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စက်မှုဇုန်များစွာ ရှိနေသည့် အတွက် ပြည့်ဝသော လျှပ်စစ် ဓာတ်အားပေး နိုင်ရေး၊ လျှပ်စစ်မီးများ ပြတ်တောက်မှု မရှိစေရန် အလုံ ဓာတ်အားပေး စက်ရုံ၏ တစ်ဖက်ကမ်း ဆိပ်ကြီး ခနောင်တို မြို့နယ် တွင် ၃ဝဝ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံ၊ သန်လျင်- သီလဝါ အထက်ပိုင်း ၌ သင်္ဘောဖြင့် တင်လာမည့် ၃ဝဝ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံ စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၆ဝဝ ထုတ်လုပ် နိုင်ရန်စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment