Pages

Monday, January 16, 2017

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ရေဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ က ဒေသခံပြည်သူများအား 
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ က ရွေ့လျားခွဲစိတ်ကုသယာဉ်ဖြင့်
 ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၁၆-၁-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့ မှ အခြေပြု ဆေးအဖွဲ့သည် ယမန်နေ့တွင် ရေဦးမြို့၌ အခြေပြု ၍လည်းကောင်း၊ နယ်လှည့် ဆေးအဖွဲ့များသည် အင်တောကျေးရွာ နှင့် ကံထူးမေ ကျးရွာ တို့၌လည်းကောင်း ဒေသခံပြည်သူ စုစုပေါင်း ၂၅၂၆ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၇၈ဝ ဦး၊ ခွဲစိတ်ရောဂါ ၂၃ဝ ဦး၊ ကလေးရောဂါ ၁ဝ၅ ဦး၊ သားဖွား/မီးယပ် ရောဂါ ၆၃ ဦး၊ အရိုးရောဂါ ၂၉၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၇ဝ ဦး၊ မျက်စိရောဂါ ၇၅ဝ ဦးနှင့် သွားရောဂါ ၁၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ် လူနာ ၁၉ ဦး၊ သွားရောဂါလူနာ ၁၁၄ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၃ ဦးတို့ကို ရွေ့လျားခွဲစိတ် ကုသယာဉ်များဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂ဝ၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၂၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၉၃ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျား ဓာတ်ခွဲယာဉ် တို့ဖြင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၂၃ ဦးကို မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment