Pages

Wednesday, January 11, 2017

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းကို အများပြည်သူသိရှိရန် အသိပေးကြေညာ



နေပြည်တော် ၊ ၁၁-၁-၂၀၁၇

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သည် အရည်အသွေး စစ်မှန် ကောင်းမွန်၍ ကျန်းမာရေး အတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန် ပစ္စည်းများကို အများပြည်သူ တို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက် ရှိသည်။

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန သည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်း များကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန် ပစ္စည်းတစ်မျိုးသည် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၌ မှတ်တမ်းတင် ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်း (မာကျူရီ) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် အများ ပြည်သူလူထု သုံးစွဲရန် မသင့်တော် ပါကြောင်း အသိပေး နှိုးဆော်အပ် ပါသည်။

အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ (ပြဒါး) သည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြား မှတစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် စိတ်ကျ ရောဂါများအပြင် ရေရှည် သုံးစွဲပါက ကျောက်ကပ် ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွား နိုင်သည်။

အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များသည် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန် ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်း များကို ကျင့်ဝတ် (Ethic) အရ လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment