Pages

Friday, January 13, 2017

ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီများအား ထပ်မံဖမ်းဆီးရမိ



နေပြည်တော်၊ ၁၃-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား စိစစ်ဖော်ထုတ်လျက်ရှိရာ သတင်းအရ ငါးရံ့ချောင်းကျေးရွာသို့ သွားရောက်ရှင်းလင်းစဉ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဘူဆူဖရင်(ဘ) ဟာမက်အာမတ်၊ ဘူရှား (ဘ) အဘူဆူဖရင် နှင့် မာညက်(ဘ) အဒူမတာလိတ် တို့ကို ၎င်းတို့၏ နေအိမ်များ၌ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ များအား စစ်ဆေး မေးမြန်းချက်အရ ၎င်းတို့ ၃ ဦးသည် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီးနောက် ပြင်ခေါင်း တောင်ကျော်လမ်း မှတစ်ဆင့် ငါးရံ့ချောင်း ကျေးရွာသို့ ပြန်လည် ရောက်ရှိကာ တောင်ပဇာ နယ်မြေအတွင်း ရှိ တပ်မတော်နှင့် ရဲစခန်းများ၏ အခြေအနေ များအား စုံစမ်းနေခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ ဥပဒေနှင့်အညီ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment