Pages

Wednesday, January 25, 2017

မြောက်ဥက္ကလာပ ဆေးရုံကြီး၌ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါသည် များအား အခမဲ့စစ်ဆေးကုသပေးမည်


ရန်ကုန် ၊ ၂၅-၁-၂၀၁၇

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ ဖြစ်ပွားမှုမှာ ဦးရေ တစ်ရာလျှင် တစ်ယောက်နှုန်း ဖြစ်ပွားလျက် ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် အထွေထွေ ရောဂါကု ဆေးရုံကြီး ပြင်ပလူနာ ဌာန၌ အပတ်စဉ် သောကြာ နေ့တိုင်း ကိုယ်ဝန်ဆောင် ဆီးချို ရောဂါသည် များကို အခမဲ့စစ်ဆေး ကုသပေးလျက် ရှိကြောင်း ယင်းဆေးရုံကြီး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''သမားတော်တွေ ကိုယ်တိုင် သေချာကြည့်ရှု စစ်ဆေးပေးတာ ဖြစ်လို့ အပတ်စဉ် သွားရောက်ပြသ ကြဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် နေစဉ်မှာ ဆီးချိုရောဂါ ရှိတယ်ဆိုရင် သေချာဂရုစိုက် ရပါတယ်။ လူကြီးရော ကလေးပါ ကျန်းမာစွာ မွေးဖွားနိုင်ဖို့ အထူး လိုအပ်ပါတယ်။ ဆီးချို မတက်အောင် ထိန်းရတဲ့ အပြင် ကလေးကိုလည်း ထိခိုက်မှု မရှိအောင် မိခင်ကိုယ်တိုင် ကလည်း ကျန်းမာရေး အထူးဂရုပြုဖို့ လိုအပ်ပါတယ်'' ဟု ဆီးချိုရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ အေးချို က ပြောသည်။

ကိုယ်ဝန်ဆောင် ရောဂါသည်များ အနေဖြင့် ဆီးချိုတက် စေမည့် အစားအသောက် များ ရှောင်ခြင်း၊ ကိုယ်လက် အင်္ဂါများ ထိခိုက်မှု မရှိစေရန် နေထိုင်ခြင်း၊ သွေးကြောများ ပုံမှန် စစ်ဆေးခြင်းနှင့် သွေးချို၊ ဆီးချိုစစ် ကိရိယာဝယ်ယူ ထားရန် လိုအပ်သည်။

၂ဝ၁၆ ခုနှစ်အတွင်း မွေးလူနာ ခုနစ်ထောင် ကျော်တွင် ၇၅ ဦးမှာ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ သည်များ ဖြစ်နေပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ဆီးချိုရောဂါ ကြောင့် သေဆုံးမှုမှာ သတ္တမ အများဆုံးနိုင်ငံ ဖြစ်လာမည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment