Pages

Tuesday, January 10, 2017

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ထွက်ခွာ



နေပြည်တော် ၊ ၁၀-၁-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ စတင် ထွက်ခွာသည်။

အဆိုပါ တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့နှင့် အတူ ရွေ့လျားခွဲစိတ် ကုသယာဉ်၊ ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်နှင့် သွားရောဂါ ဆိုင်ရာခွဲစိတ် ကုသယာဉ်တို့ ပါဝင်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ နယ်၊ မင်းရွာကျေးရွာ၊ နောင်ကြီးအိုင် ကျေးရွာ၊ ထူးရွာ(ဝါးတန်း) ကျေးရွာ၊ သလဲပါကျေးရွာ၊ အုတ်တွင်းကြီး ကျေးရွာ၊ ဘောင်းကျကျေးရွာ၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာ၊ ဘုတ်ကျေးရွာ၊ မှန်တိုင်ပြင် ကျေးရွာ၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်စံပြ ကျေးရွာ၊ မကျီးစောက် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာတို့မှ ဒေသခံပြည်သူ များအား ဇန်နဝါရီ ၁ဝ ရက်မှ ၂ဝ ရက်အထိ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်  ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment