Pages

Monday, January 2, 2017

သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ဇုန်ရှောင်လမ်းတစ်ခု ဖောက်လုပ်မည်



ပြည် ၊ ၂-၁-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးရှိ သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်း ဇုန်ရှောင်လမ်း တစ်ခု ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လက်ရှိ အသုံးပြုနေသည့် ပြည်-ပေါက်ခေါင်း ကားလမ်းမကြီး သည် ရှေးမြို့ဟောင်း မြောက်မြို့ရိုး ကို ဖြတ်သန်း၍ ဖောက်လုပ်ထား ခြင်းဖြစ်ပြီး အင်္ဂလိပ်ခေတ် က ပေါက်ခေါင်း ဒေသမှ သစ်ထုတ်လုပ်ရန် ရည်ရွယ်၍ ဖောက်လုပ်ထားခြင်း ဖြစ်သည်။ ယခုအခါ မော်တော်ယာဉ် အစီးရေ တိုးပွားလာပြီး ကုန်တင်ယာဉ် များနှင့် ခရီးသည်တင် ယာဉ်များ သွားလာမှု များပြားလာသည့် အတွက် ဇုန်ရှောင်လမ်း တစ်ခု မဖြစ်မနေ ဖောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဇုန်ရှောင်လမ်း ထပ်မံ ဖောက်လုပ်မည် ဖြစ်သော်လည်း လမ်းအဟောင်း အသုံးပြုမှုကို လုံးဝ ပိတ်သိမ်းမည် မဟုတ်ဘဲ ကျေးရွာသုံးလမ်း အဖြစ် ဆက်လက် ထားရှိမည်ဖြစ်ပြီး ယာဉ်ကြီးများ နှင့် အဝေးပြေးယာဉ် များသွားလာ ခွင့် ကိုသာ တားမြစ်ဖြစ်ပြီး ယခု ဖောက်လုပ်မည့် ဇုန်ရှောင်လမ်း ကိုသာ အသုံးပြု သွားလာရမည် သည်။ လက်ရှိလမ်းသည် ပြည်မြို့မှ ပေါက်ခေါင်းဘက်သို့ သွားရာ လမ်းကြောင်းပေါ်ရှိ ရှေးဟောင်းမြို့ အဝင် နဂါးတွန့် တံခါးပေါက် အနီးမှစတင်ပြီး တွင်းဗြဲကျေးရွာ အလွန်အထိ ရှိကြောင်း၊ ယခု အသစ်ဖောက် လုပ်မည့် ဇုန်ရှောင်လမ်း သည် ပြည်မြို့ ထန်းပေါက်အုပ်စု ငါးရွာအနီးမှ ပြည်မြို့ PTU အနီးသို့ ဖောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သရေခေတ္တရာ ရှေးဟောင်းဇုန် သည် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရှေးဟောင်းဇုန် တစ်ခု ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment