Pages

Wednesday, January 25, 2017

မောင်တောမြို့နယ်အတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင်ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဘင်္ဂါလီတစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၅-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ကျေးရွာ တာဝန်ရှိသူများ နှင့်အတူ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုဖြစ်စဉ် များတွင် ပါဝင်ပတ်သက် ခဲ့သူများကို ဖော်ထုတ် စစ်ဆေးလျက် ရှိရာ ယမန်နေ့နံနက် ၇ နာရီခန့်တွင် သတင်းအရ ငါးခူရအလယ်ရွာ လမ်းဆုံ၌ စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် ဘင်္ဂါလီတစ်ဦး တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေး မေးမြန်းခဲ့ရာ ၄င်းသည် ငါးခူရအလယ်ရွာ နေ ရှာကေမူဟာမတ် (ဘ) လာလူးကုန်မနီ ဆိုသူဖြစ်ကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီး ရမိသူအား ငါးခူရနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ပြီး တရားဥပဒေ နှင့်အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment