Pages

Monday, January 2, 2017

နှစ်သစ်ကူးညတွင် မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးသို့ လူနာဦးရေ ၂၄၀ ကျော်ရောက်ရှိပြီး လေးဦးသေဆုံး



မန္တလေး ၊ ၂-၁-၂၀၁၇

New Year နှစ်သစ်ကူးညတွင် မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးသို့ အတွင်းလူနာနှင့် အပြင်လူနာ စုစုပေါင်း ဦးရေ ၂၄ဝ ကျော် ရောက်ရှိခဲ့ပြီး သေဆုံးသူ လေးဦး ရှိခဲ့ကြောင်း မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးရှိ ဆေးလူမှု ဆက်ဆံရေး ဌာနမှ သိရသည်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီမှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီထိ ပြင်ပလူနာ ဦးရေ ၁၇ဝ ခန့်၊အတွင်း လူနာဦးရေ ၇ဝ ခန့်ရောက်ရှိခဲ့ပြီး ဆေးရုံ မရောက်မီ သေဆုံးသူ သုံးဦး၊ ဆေးရုံရောက်ပြီး သေဆုံးသူ တစ်ဦး စုစုပေါင်း လူနာဦးရေ ၂၄ဝ ကျော် ရောက်ရှိခဲ့ကြောင်း ဆေးလူမှု ဆက်ဆံရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းလွင် က ပြောပြသည်။

''အများဆုံး ရောက်တာကတော့ လူငယ် အမျိုးသားတွေ များတယ်။ ညပိုင်းမှာ ပိုပြီး ရောက်တာပေါ့။ မနေ့ညက ဝန်ထမ်းအင်အား၊ ဝှီးချဲ စတဲ့ စက်ကိရိယာတွေ အဆင်သင့် ပြင်ဆင်ထားတော့ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး ''ဟု ၄င်းက ဆက်လက် ပြောပြသည်။

နှစ်သစ်ကူးညတွင် မန္တလေးမြို့ရှိ လူမှု ကူညီရေးအသင်း ငါးသင်းခန့် က လူဦးရေ ၈ဝ ကျော်ဖြင့် လာရောက်ကူညီ လုပ်အားပေး ခဲ့ကြပြီး ဒီဇင်ဘာ ၃၁ ရက်ည ၁၀ နာရီမှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နံနက် ၂ နာရီအတွင်း လူနာအများဆုံး ရောက်ရှိ ခဲ့ကြောင်း သိရသည်။

ရောက်ရှိသည့် လူနာများတွင် ယာဉ်တိုက်မှုကြောင့် ရောက်ရှိသည့် လူနာသည် အများဆုံးဖြစ်ပြီး ဒုတိယ အနေဖြင့် ခိုက်ရန် ဖြစ်ပွားမှုကြောင့် ရောက်ရှိသည့် လူနာ အများဆုံး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်နေ့ တွင် ဆေးရုံကြီး အရေးပေါ်လူနာ လက်ခံရာဌာနသို့ စုစုပေါင်းလူနာ ၂၄၇ ဦး၊ တန်ဆောင်မုန်း လပြည့်နေ့တွင် လူနာ ၁၃၃ ဦး ရောက်ရှိခဲ့ပြီး ရောက်ရှိ သည့်လူနာအများစု သည် ယာဉ်မတော်တဆ ထိခိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု တို့ကြောင့် အများဆုံး ဖြစ်ကြောင်း သိရသည်။

မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ အထင်ကရ ပွဲတော်ရက်များ ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နှစ်သစ်ကူးသင်္ကြန် ပွဲတော်ရက်တို့တွင် ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု တို့ကြောင့် ရောက်ရှိသည့် လူနာဦးရေ မြင့်တက်လေ့ ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment