Pages

Saturday, January 21, 2017

အမျိုးသားအဆင့် အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အလားအလာနည်းနေ


စလေ ရုပ်စုံကျောင်းက ရှေးလက်ရာ

ရန်ကုန် ၊ ၂၁-၁-၂၀၁၇

အမျိုးသားအဆင့် အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယဉ်ကျေးမှု အမွေအနှစ် ဒေသများသည် ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် အားလုံး ပါဝင်နိုင်ရန် အလားအလာ နည်းနေကြောင်း ယဉ်ကျေးမှု အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။

၁၉၉၉ ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိသော နေရာဒေသ များသို့ သွားရောက်၍ ကွင်းဆင်း သုတေသနပြု စာရင်းကောက်ယူ ထားရာ ယဉ်ကျေးမှု အမျိုးသား အဆင့် အမွေအနှစ် အဖြစ် သတ်မှတ်ထားသော ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၇ ခုရှိကြောင်း သိရသည်။

ယင်း ၄၇ ခုတွင် ရွှေတိဂုံ စေတီတော်၊ ရခိုင်ပြည်နယ် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၊ မြန်မာနိုင်ငံ အလယ်ပိုင်း၌ တည်ရှိသည့် ဗားကရာ ကျောင်းတော် ကြီး၊ ရွှေကျောင်းတော်ကြီး၊ သစ်သား ကျောင်းတော်ကြီးများ၊ စလေရုပ်စုံကျောင်း၊ အမရပူရ၊ စစ်ကိုင်း၊ အင်းဝမြို့ဟောင်း၊ မင်းကွန်းဒေသ နှင့် ပခန်း ကျောင်းတော်ကြီး တို့သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြု ခံရနိုင်ဖွယ်ရှိပြီး ကျန်နေရာ ဒေသများမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အလားအလာ နည်းကြောင်း သိရသည်။

''သရေခေတ္တရာ၊ ဗိဿနိုးနဲ့ ဟန်လင်း သုံးနေရာ ပေါင်းပြီး တင်ပြရင်တော့ ရကောင်းရနိုင်မယ်။ နောက်ပြီး အင်းဝ၊ အမရပူရ နဲ့ စစ်ကိုင်း ပေါင်းပြီး တင်ပြရင်တော့ ကမ္ဘာ့အမွေအနှစ် ဒေသ စာရင်းဝင် အဖြစ် သတ်မှတ်ခံရ နိုင်ပါတယ်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ အလားအလာ အကောင်းဆုံး နယ်မြေ ဖြစ်ပါတယ်'' ဟု ယဉ်ကျေးမှု အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့မှ ဒေါ်စန္ဒာခင်က ပြောသည်။

လက်ရှိတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သက်ဆိုင်ရာ ဌာနများ၊ ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုနှင့်အတူ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စီမံကိန်းများ ရေးဆွဲလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၆)

No comments:

Post a Comment