Pages

Monday, December 5, 2016

ကွတ်ခိုင်မြို့ အလယ်တံတား၌ အကြမ်းဖက်သောင်းကျန်းသူ များ ထောင်ထားသည့် TNT ယမ်းပြင်းများထည့်ထားသော သံပုံးတစ်လုံးတွေ့ရှိ၍ တပ်မတော်စစ်ကြောင်းက သက်မဲ့ပြုလုပ်ရှင်းလင်း



နေပြည်တော် ၊ ၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကွတ်ခိုင်မြို့ရှိ မြို့အလယ် တံတား၌ မသင်္ကာဖွယ် သံပုံးတစ်လုံး တွေ့ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက ယမန်နေ့နံနက် ၆ နာရီ ၃၅ မိနစ်ခန့်တွင် သွားရောက် ရှင်းလင်း ခဲ့ရာ ၁ဝ ပိဿာဝင် သံပုံးခွံ အတွင်း၌ အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ အမြင့် ၁ လက်မခန့်ရှိ အဝါရောင် TNT ယမ်းပြင်းအတုံး ၁ဝဝ ထည့်၍ လျှပ်စစ် ဒီတိုနေတာ ၁၃ ချောင်း တပ်ဆင်လျက် သုံးဘီးဆိုင်ကယ် ဘက်ထရီအိုးတွင် ဝါယာကြိုးများဖြင့် ပူးတွဲ တပ်ဆင်ထားပြီး ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် တပ်မတော် စစ်ကြောင်းမှ အထူး မိုင်းရှင်းလင်းရေး အဖွဲ့များက အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေရေး သက်မဲ့ပြုလုပ် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေရာနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment